၃၄

3K 267 62
                                    

မဟုတ်​သေးပါဘူး။ဒါ ဘာပါလိမ့်​။
စူးနေသလိုပဲ ဟုတ်​တယ်​။
ခေါင်းအနည်းငယ်​ စောင်း၍ ရှောင်​သည်​။

သို့သည့်​တိုင်​ ပါးပြင်​က စူးရှနေဆဲ။

"ထတော့လေကွာ။"

အသံတစ်​သံထွက်​လာပြီးနောက်
ပါးပြင်​ဆီမှ စူးရှသည့်​ အတွေ့က ပိုပြင်းလာမှ
အိပ်​တစ်​ဝက်​နိုးတစ်​ဝက်​ဖြစ်​နေရာကနေ
သူအပြီးတိုင်​နိုးသွားရတော့သည်​။

"အင်​ ကို ကို "

မျက်​လုံးကိုပွတ်​၍ အိပ်​ချင်​မူးတူးမော့ကြည့်​မိသည့်​အခါမှ သူ့ကို ငုံ့မိုးကြည့်​နေသည့်​ ကိုကိုက

"အိပ်​ပုတ်​လေး ထတော့လေကွာ။"

ခုနက စူးနေတာက ကိုကို့ပါးပြင်​က ပါးသိုင်းတွေ၊
နှုတ်​ခမ်းမွှေးလေးတွေကြောင့်​ပဲ။

ကိုကို့ပခုံးထက်​က တဘက်​။
ထို့အောက်​မှ ရင်​ဘတ်​ဖြူ ဖြူ များကို မြင်​ရတော့
သူအလန့်​တကြား ထထိုင်​မိသည်​။

ညက ကိုကို့ရင်​ခွင်​ထဲမှာ သူအိပ်​ပျော်​သွားသည်​ပဲ။

"ဘာတွေ ငိုင်​နေတာတုန်း။
အိပ်​ရေးမဝသေးဘူးလား။
ကိုယ်​တောင်​ ရေချိုးပြီးပြီ။"

ကိုကိုက သူ့နား ဝင်​ထိုင်​သည်​။

"အာ့ ကိုကို့ကြောင့်​လေ အိပ်​ရေးပျက်​ရတာ။"

ဆံပင်​တွေကို ပြန်​ထိုးဖွပြီး သူ စူပုပ်​ပုပ်​ ဆိုတော့မှ
ကိုကိုက နှစ်​နှစ်​ကာကာ ပြုံးလာပါသည်​။

"ညက ရင်ခွင်​ထဲမှာ အိပ်​ရုံလေးကို
အကြောက်​လွန်​ပြီး
တော်​တော်​နဲ့ အိပ်​မပျော်​ဘူးလား။"

သူ့ပါးနှစ်​ဖက်​ ရှိန်းရှိန်းပူသွားသည်​။
တကယ်​လည်း ညက ရင်​တုန်​ပြီး
အိပ်​မပျော်​ဘူးလေ။

ကိုကိုက အတင်းဇွတ်​ အိပ်​ခိုင်းတာကို။
အရင်​တုန်းကလည်း တစ်​ခါ။ခု တစ်​ခါ။
နှစ်​ခါရှိပေမယ့်​ သူရိုးမသွားဘဲ ရင်​တုန်​ရတုန်းပါပဲ။

"သွား ရေသွားချိုးတော့။"

သူ့ပါးကို ဆွဲလိမ်​၍ ကိုကိုပြောလာတော့
သူခေါင်းတဆတ်​ဆတ်​ညိမ့်​ပြမိသည်​။

You've reached the end of published parts.

⏰ Last updated: Feb 10, 2019 ⏰

Add this story to your Library to get notified about new parts!

Little Rose [နှင်းဆီနီ]Where stories live. Discover now