2.2K 315 22
                                    

"Cai စာကြိုးစား​နော်​၊
တက္ကသိုလ်​​ကောင်း​ကောင်းဝင်​နိုင်​​အောင်
ကြိုးစား။"

သူလက်​တို့ကို ​ဆုပ်​ကိုင်​၍ ​မေ​မေက
မျက်​ရည်​စမ်းစမ်းနဲ့ ​ပြောရှာပါသည်​။

"ဟုတ်​ ​မေ​မေ။
သား လာပြန်​လည်​ပါ့မယ်​။"

မေ​မေ့ရင်​ခွင်​တွင်းသို့ သူ​ခေါင်းတိုးဝင်​မိသည်​။

"သူများ မျက်​စိ စပါး​မွှေးစူး​အောင်
မ​နေရဘူး​နော်​။
သူ​ဌေး ​ပြောစကား နား​ထောင်​​နော်​။"

သူ​ခေါင်းညိတ်​၍သာ
မငိုမိ​အောင်​ထိန်း​နေရသည်​။

တစ်​ခါမှ ​မေ​မေနဲ့ မခွဲဖူးတာမို့
သူအလွန်​ ၀မ်းနည်းလှပါသည်​။

"သားအတွက်​ ​မေ​မေ အ၀တ်​အစားသစ်
နည်းနည်းဝယ်​ထား​ပေးတယ်​။
အဲ့ဒါထည့်​သွား​နော်​။"

အဖြူ​ ​ရောင်​ ရှပ်​အင်္ကျီများသည်
သူ့အကြိုက်​ဖြစ်​​ကြောင်း ​မေ​မေသိပြီးသားမို့။
အသစ်​၀ယ်​လာ​ပေးတာဖြစ်​နိုင်​သည်​။

မေ​မေ့မျက်​ရည်​များကို သူမြင်​ရတဲ့အခါ
ထွက်​သွားချင်​စိတ်​သည်
တစ်​စတစ်​စ​လျော့ပါးလာခဲ့ရပြီး
မေ​မေ အဆင်​​ပြေ​ပြေ​နေရမည်​မှန်းသိတဲ့အခါ
သူထွက်​သွားရတာ ထိုက်​တန်​ပြန်​သည်​ဟု
ယူဆမိပြန်​​ရော။

"​ဟော လာ​ခေါ်ပြီထင်​တယ်​ သား။"

ကားစက်​သံကြားသည်​နှင့်
သူ​ရော ​မေ​မေပါ အိမ်​​ရှေ့သို့ ထွက်​လာလိုက်​သည်​။

အနီ​ရောင်​​ပေမယ့်​ ဦးZiyi စီးဖူး​သော
ကားဟုတ်​ဟန်​မတူသည့်​ကား။

ကားတစ်​ခါးပွင့်​လာကာ ဆင်းလာသူကလည်း
သူ​မျှော်​လင့်​ထားသလို ဦး Ziyi မဟုတ်​ခဲ့။

ဦးZiyi ထက်​အသက်​ကြီးမည့်
အဘတစ်​ဦးသာဖြစ်​​လေ​တော့။

"သူ​ဌေး လာ​ခေါ်ခိုင်းလို့ပါဗျ၊"

သူမျက်​​မှောင်​ကုတ်​မိလိုက်​သည်​။
ဦး ZiYiက ဘာသ​ဘောလဲ။
သူကိုယ်​တိုင်​လာ​ခေါ်မယ်​ ​ပြောထားပြီး​တော့၊

Little Rose [နှင်းဆီနီ]Where stories live. Discover now