၂၂

1.8K 324 61
                                    

"ကျွတ်​....ကျွတ်​.. ကျွတ်​.. "

နိုးသွားမည်​စိုးရိမ်​၍
ကုတင်​​ပေါ်သို့အသာဖြည်းညှင်းစွာ
ချလိုက်​ရသည်​။

အနည်းငယ်​ လူးလှိမ့်​၍ တစ်​ဖက်​​စောင်းကာ
အိပ်​​မောကျသွားပြန်​​သော က​လေးအား
ဆံစတို့အားသပ်​တင်​​ပေးလိုက်​မိသည်​။

///

ခြေသံတိုးတိုးနဲ့အတူ
ပိတ်​သွားသည့်​တံခါးသံကြားမှ
သူမျက်​လုံး​တွေကို ဖွင့်​လိုက်​မိသည်​။

ဘာတစ်​ခွန်းတစ်​၀ါဒမှ မဆိုချင်​တာမို့
ကား​ပေါ်မှာမျက်​လုံး​တွေမှိတ်​ငြိမ်​သက်​ခဲ့ရာမှ
အိပ်​​ပျော်​​ယောင်​​ဆောင်​ခဲ့မိသည်​။

အိပ်​ခန်းထဲအထိ ​ပွေ့​ခေါ်လာ​ပေးတဲ့ ကို့ကိုကို
အားနာ​ပေမယ့်​လို့​ပေါ့။

/// ​ကျောင်းမတက်​နဲ့​တော့ ///

သူ့မျက်​ရည်​​တွေ အလုံးအရင်းလိုက်​ဆင်းသက်​လာပြန်​သည်​။

ပညာတတ်​ဖြစ်​​စေချင်​ပါတယ်​ဆိုတဲ့ 
မေ​​မေ့ ​မျှော်​လင့်​ချက်​​တွေကို
ကိုကို့ဆုံးဖြတ်​ချက်​တစ်​ခုတည်းနဲ့
ရိုက်​ချိုးပစ်​လိုက်​ရမှာတဲ့လား။

ဒါဆို သူက
ဘာအတွက်​အသက်​ဆက်​ရှင်​သန်​ရမှာလဲ။

အိပ်​ခန်းပတ်​လည်​ကို ​ဝေ့ကြည့်​လိုက်​မိသည်​။
ဒီအနီ​ရောင်​ခြယ်​တဲ့ ပတ်​၀န်းကျင်​မှာ
ကိုကို့ကိုပဲ ​ကြည့်​ပြီး ရှင်​သန်​ရမှာလား။

သူ​နေနိုင်​မည်​လား။
မဟုတ်​​သေးဘူး။ရ​အောင်​​နေပစ်​ရမည်​။

Cheng က တစ်​ခါခါ စတတ်​သည်​။
မင်းဘ၀က အကျယ်​ချုပ်​တဲ့။
သူ​တော့အဲ့လို မထင်​ပါဘူး။

သူဘ၀က အကျယ်​ချုပ်​မဟုတ်​ဘူး။
သူ့မှာ မဆုံးအစမရှိကျယ်​ပြန့်​တဲ့ ကိုကို့ရင်​ခွင်​ရှိတယ်​။

ဒီရင်​ခွင်​နဲ့​ဝေးမှသာ
သူ့ဘ၀က အကျဉ်းသားလုံးလုံး ဖြစ်​သွားမှာ။

သိပ်​ချစ်​မိသွားပါတယ်​ကိုကို။
ကိုကိုမှ ကိုကိုဆိုပြီး မျက်​ကန်းလိုမျိုး​ပေါ့။

Little Rose [နှင်းဆီနီ]Where stories live. Discover now