၃၀

1.8K 334 48
                                    

"​ဒေါ်​လေး။"

ပန်းအိုးမှာထိုးဖို့ နှင်းဆီပန်း​တွေကို
ဆူး​တွေ​ခြွေကာ 
သေချာ​ဆေး​ကြောပြင်​ဆင်​​နေသည့်​ 
ဒေါ်​လေးနားသူအသာကပ်​သွားလိုက်​သည်​။

"Cai နိုးပြီလား။မနက်​စာစား​တော့မလား။"

သူ​ခေါင်းခါပြလိုက်​သည်​။

"​ဒေါ်​လေး.....ကိုကို့ဇနီးက သိပ်​လှတာပဲ​နော်​။"

နှင်းဆီ​လေးတစ်​ပွင့်​ကို​ကောက်​ကိုင်​ကာ
သူခပ်​တိုးတိုးဆိသည့်​အခါ
ဒေါ်​လေးက သူ့ကို​မော့ကြည့်​လာပြီး။

"Cai ရယ်​...၊ဘာ​တွေ​တွေး​နေတာတုန်း။"

"ဟုတ်​တယ်​​လေ။
တအားလှ​တော့ ကိုကိုနဲ့သိပ်​လိုက်​တယ်​။"

စကားတစ်​ခွန်းဆိုမိရုံနဲ့ သူ့မျက်​၀န်း​တွေ
ေ၀၀ါးလာသည်​။

"Cai ကလည်း။
အဲ့မိန်းမက မ​လှပါဘူး၊
ဘီလူးမကြီးနဲ့တူတယ်​။"

သူငိုချင်​သည့်​ကြားက ပြုံးလိုက်​မိသည်​။
ဒေါ်​လေးက​တော့ သူစိတ်​ချမ်းသာ​အောင်
ပြော​နေပြန်​ပြီဟု။

"​ဒေါ်​လေးက​တော့ ​ပြော​ရော့မယ်​။"

"တကယ်​​ပြောတာ Cai ရဲ့။
ပြီး​တော့ သူ့ဖာသူ လှလှမလှလှ
Ziyi ကမှ မချစ်​တာ။
ဘယ်​လိုလုပ်​လိုက်​ဖက်​မှာလဲ။"

ဒေါ်​လေးက​တော့ တစ်​ဖက်​သားပြုံးနိုင်​​အောင်
ပြောတဲ့​နေရာမှာ တစ်​ဖက်​ကမ်း​ရောက်​ပါရဲ့။

"​အဲ့ Jie က သ​ဘော​ကောင်းပါတယ်​။
ဒေါ်​လေးရ။"

သူ့အား​နွေး​ထွေးပျူငှါစွာ ကြည့်​​နေခဲ့သည့်
မျက်​၀န်းများအား မြင်​​ယောင်​မိ​တော့
သူ​ဒေါ်​လေးစကားကို ငြင်းပယ်​မိသည်​။

"အမယ်​​လေး။ ဟုတ်​လို့လား...Cai ရဲ့။"

ဒေါ်​လေးစကားတို့သည်
သူ့အိတ်​​ထောင်​ထဲက ဖုန်းသံ​ကြောင့်
ရပ်​သွားသည်​။

"ဟာ...​ဒေါ်​လေး။
ကိုကိုဆက်​တာဗျ။ဖုန်းသွား​ပြောအုံးမယ်​​နော်​။"

သူအ​ပေါ်ထပ်​ဆီအ​ပြေးတက်​ကာ
အခန်းထဲဝင်​ရ​တော့သည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now