၃၃

1.4K 221 18
                                    

"ကွာရှင်းမယ်​ ဟုတ်​လား။"

အံ့သြတကြီး ထင်​မထားဟန်​ဖြင့်
ဒယ်​ဒီက ဆိုလာသည်​။

"အကြောင်းပြချက်​က ဘာလဲ။
သာမန်​ ကတောက်​ကဆလောက်​ကို
ကွာရှင်းဖို့အထိ မင်းပါးစပ်​က ထွက်​ရလား။"

ဘေးလူအမြင်​မှာ အဆင်​ပြေပြေရှိလှသည့်
အိမ်​ထောင်​ရေးပေမို့ ကွာရှင်းမယ်​ဟု
သူပြောသော စကားသည်​ ဒယ်​ဒီ့အတွက်
မယုံနိုင်​စရာကောင်းမှာပါပဲ။

"ကျွန်​တော်​ တကယ်​ကွာရှင်းချင်​လို့ပါ။
အချစ်​မပါတဲ့ အိမ်​ထောင်​ရေးကို
ကျွန်​တော်​ ဆက်​ပြီး မတည်​ဆောက်ချင်​တော့ပါဘူး။"

ဒယ်​ဒီက လက်​ထဲက ဆေးလိပ်​ကို
ကြမ်းပြင်​ပေါ်ချ၍ ဖိနပ်​ဖြင့်​ကြိတ်​နေသည်​။

"အချစ်​က မင်းကို ရာထူးရစေလို့လား။"

ပြီးမှ စားပွဲခုံပေါ်မှ သတင်းစာတစ်​ခုကိုယူ၍
သူ့ဘက်​သို့ လှမ်းပစ်​လိုက်​ပြီး

"တွေ့လား၊မြင်​လား။"

သတင်းစာရွက်​ထက်​က နေရာယူထားသည့်
သူနဲ့ ထိုမိန်းမ၏ ပုံ။
ဒါဟာ အရင်​ရက်​က
မင်္ဂလာနှစ်​ပတ်​လည်​ကပုံပဲ။
အဲ့ညမှာပဲ ကလေးရောက်​လာခဲ့တာ။

"Jing Zi က သာမန်​ မိန်းကလေးမဟုတ်​ဘူး။
ငါတို့မိသားစုအတွက်
အထောက်​အပံ့ဖြစ်​စေတဲ့သူပဲ။
သူ့ရဲ့ ပါးနပ်​မှုကြောင့်​ စီးပွားရေးအပြင်
ကိုယ်​ကျင့်တရား အတွက်​ပါ
ငါတို့ Group ကို ယုံကြည်​သူများလာတယ်​။
ရင်းနှီးမြှုပ်​နှံမယ့်​သူ များလာတယ်​။
အလုပ်​တစ်​ခုကို မင်းတော်​နေတာနဲ့
ပြီးသွားမယ်​ထင်​နေလား။
မင်းရဲ့ ကိုယ်​ကျင့်​သိက္ခာကိုပါ တဖက်​လူက
နှစ်​သက်​မှ လွယ်​လွယ်​အောင်​မြင်​မှာ။"

သူ နှုတ်​ခမ်းမဲ့လိုက်​မိသည်​။

"ကိုယ်​ကျင့်​သိက္ခာနဲ့ပက်​သက်​ပြီး
ကျွန်​တော်​ မှားယွင်းခဲ့တာများ ရှိလို့လား။"

ဒယ်​ဒီက သူ့ကို စေ့စေ့ကြည့်​လာ၍

"အိမ်​ထောင်​ရှိရဲ့သားနဲ့
ကောင်​လေးတစ်​ယောက်​နဲ့ အတူနေတာက
ကိုယ်​ကျင့်​သိက္ခာကို မြင့်​မားစေတယ်​လို့
မင်းထင်​နေတာလား။"

Little Rose [နှင်းဆီနီ]Where stories live. Discover now