2.1K 315 12
                                    

//သူက သားကို ​ခေါ်ထားချင်​တယ်​တဲ့//

//ကျောင်းလည်းထား​ပေးမယ်​။
ကောင်း​ကောင်းလည်း ထား​မယ်​တဲ့။//

//​မေ​မေ့ကို​တော့ ဒီခြံကို ​ပေးမယ်​တဲ့​လေ။//

မေ​မေ့​ပြောစကားများကို ကြား​ယောင်​ကာ
သူ ဟိုလှည့်​ဒီလှည့်​ဖြင့်​ အိပ်​မရ။

မှောက်​ယက်​​ပြောင်းကာ ​ခေါင်းအုံး​ပေါ်
မျက်​နှာအပ်​ထားလိုက်​မိသည်​။

// ​မွေးစားတဲ့သ​ဘော​ပေါ့​လေ၊
ကွယ်​လွန်​သွားတဲ့ သူ့ညီနဲ့ တူလို့တဲ့​လေ။//

တကယ်​ပဲလား။
သူ့ကိုကြည့်​ကာ ​ပြောခဲ့​သော စကားများနဲ့
ပြန်​ဆက်​စပ်​​တွေးမိပြန်​​တော့
မဟုတ်​နိုင်​ပါ။

သူနဲ့​တွေ့တုန်းက​တောင်
ညီအ​ကြောင်းမဟခဲ့ပဲနဲ့။

ည​နေကလည်းကြည့်​။
ရောက်​လာပြီး​တော့ သူ့ကို​တောင်​မ​တွေ့။

သူ့​မေ​မေကိုသာ ​ခေါ်​တွေ့သည်​တဲ့။

"Cai အိပ်​မရဘူးလား။"

သူလှုပ်​လှုပ်​ရွရွဖြစ်​​နေသမျှကို
သူ့​ဘေးခြင်​​ထောင်​က 
မေ​မေလည်း သိပုံရသည်​။

"ဘာမှ ​တွေးမ​နေနဲ့ Cai
မသွားချင်​ရင်​မသွားနဲ့ သား။"

သက်​ပြင်းချသံက​ပေါ်ထွက်​လာသည်​။

သူ့ကိုမခွဲနိုင်​​ပေမယ့်
သူ့ကို​ကောင်းစား​စေချင်​ဟန်
မေ​မေ့မျက်​၀န်းများက သူ့အား​တွေ​ဝေ​စေသည်​။

"​မေ​မေ​လေ သူ​ဌေး​ပေးမယ့်​ခြံကိုမရရင်​​နေပါ၊
ငါ့သား​လေး ပြည့်​ပြည့်​စုံစုံ နဲ့
ကောင်းစားတာ​တော့မြင်​ချင်​တယ်​။
သားကို ဒီလိုဘ၀ထဲမှာ မ​နေ​စေချင်​ဘူး။"

ငိုချင်​တင်​တင်​အသံဖြင့်​ ​မေ​မေ​ပြောရှာသည်​။

သူလည်းမ​နေချင်​ပါဘူး။
အမြဲသိမ်​ငယ်​ရတဲ့ဘ၀​တွေ။
ကျောင်းမှာ သူငယ်​ချင်းပင်​မထားတဲ့အထိ
သူ့ကိုယ်​သူသိမ်​ငယ်​သည်​။

ကျောင်းက ဘာ​ကြေးညာ​ကြေး​ကောက်​တဲ့အခါ။
စာအုပ်​ဖိုး​တွေလိုတဲ့အခါ
သူ​သေချင်​စိတ်​ပင်​​ပေါက်​သည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now