၁၇

1.7K 302 26
                                    

"က​လေး 
ကျောင်းမှာ မတည့်​တာ​တွေမစားရဘူး​နော်​။
ဒေါ်​လေးထည့်​​ပေးလိုက်​တာပဲစား။
ပြီး​တော့။"

"​တော်​ပါ​တော့။ကိုကိုရာ။
ကျွန်​​တော်​က မူကြိုက​လေးလည်းမဟုတ်​ပါဘူး။"

ထပ်​မှာချင်​ဟန်​ရှိသည့်​ ကိုကိုတိတ်​သွားရသည်​။
သို့​ပေမယ့်​ အလိုမကျဟန်​ ဖြင့်
မျက်​ခုံးနှစ်​ဖက်​ကို စုကုပ်​ထားမြဲ။

"ကိုကိုက အရမ်းမ​မော့ထားနဲ့​လေ။
ကျွန်​​တော်​ဘယ်​မှီမလဲ။"

ဘီး​လေးကိုင်​၍ ဆံပင်​​တွေကို သိမ်းသပ်​​ပေးဖို့
လှမ်း​ပေမယ့်​ ပို​ကျောမတ်​လိုက်​တဲ့ ကိုကို့​ကြောင့်
သူ​ခြေ​ဖျား​ထောက်​ရ​လေသည်​။

"ကိုကိုက ညစ်​တယ်​ဗျာ။"

မနက်​တိုင်း ဆံပင်​ဖြီး​ပေးဖို့ မှာထားတာမို့
သူ​ကျောင်းမသွားခင်​ ကိုကို့အခန်းထဲဝင်​ရသည်​။

သူဆံပင်​ဖြီး​ပေးတာကို
ကိုကိုကနှစ်​သက်​​ပေမယ့်
ဘယ်​​တော့မှ အဆင်​​ပြေ​ပြေမပြီးပါ။

သူမမှီ​အောင်​ တမင်​ လုပ်​​သေးတာ။

"ကိုကိုရာ...ကိုကိုကပါ
ခြေဖျားမ​ထောက်​နဲ့​လေ။"

ပြော​ပေမယ့်​လည်းနားမ​ထောင်​ ။

"မှီ​အောင်​ လုပ်​​ပေါ့။"

ကိုကိုက တမင်​ညစ်​ပြန်​သည်​။

ကိုကို့ဆံပင်​​တွေကို မှီသွားဖို့
ခြေဖျား​ထောက်​ရက်​ကပင်​ ကိုကို့ပခုံးတစ်​ဖက်​​ကို
လက်​တစ်​ဖက်​ဖြင့်​ ထိန်းကိုင်​ရ​လေသည်​။

ဟွန်း။ဒီလိုဖြစ်​​စေချင်​​နေတာ ကိုကိုက။

ပြုံး​နေ​သော နှုတ်​ခမ်းများကို
သတိမထားမိ​ယောင်​​ဆောင်​ကာ
ဆံပင်​များကို သပ်​ရပ်​​အောင်​ ဖြီးသင်​​ပေးလိုက်​၍

"ပြီးပြီ။ကိုကို။"

ခြေ​ထောက်​ကို ပြန်​​ထောက်​ချ၍
ပခုံးကိုကိုင်​ထားသည့်​ လက်​တစ်​ဖက်​ကိုပြန်​ရုတ်​ကာ ​နောက်​ဆုတ်​မိပြု​သော်​လည်း

Little Rose [နှင်းဆီနီ]Where stories live. Discover now