2.1K 322 20
                                    

"ဒါ က​လေး​နေရမယ့်​ အခန်းပဲ။"

ခွေလိမ်​​နေတဲ့ ​လှေကား​တွေကို
တက်​ပြီးအဆုံးရှိ အခန်း။

တံခါးကို ဆွဲဖွင့်​လိုက်​သည်​နှင့်
ပြောင်​လက်​​နေသည့်
အခန်း​​တွင်းပြင်​ဆင်​မှု​ကြောင့်
သူ မှင်​သက်​သွားရသည်​။

အထူးသဖြင့်​ စူးရှလွန်း​သော အနီ​ရောင်​ဖြင့်
ခြုံလွှမ်းထားသည်​က သူ့အတွက်​ စိတ်​ရှုပ်​သွား​စေသည်​က​တော့ အမှန်​ဖြစ်​သည်​။

စာကြည့်​စားပွဲပင်​လျှင်​ မှန်​ကြည့်ရ​လောက်​​အောင်
ပြောင်​လက်​​နေသည်​။

ကျယ်​၀န်းလှသည့်​အခန်းပြည့်​တွင်
ပစ္စည်းများရှိသည်​။

သူ အင်္ကျီများ ထည့်​လာသည့်​ အိတ်​ကို
ခုံတစ်​ခုံ​ပေါ်ချလိုက်​၍
ဟိုဒီ ကြည့်​​နေကာ ​ခြေလှမ်းများ တုံ့ဆွဲ​နေသည်​။

"ဒါ က​လေးအတွက်
ကိုယ်​၀ယ်​​ပေးထားတာ​တွေပဲ၊"

အ​ရှေ့ကသွား​သော ဦး ZiYi က
အရှည်​​ရော အကျယ်​ပါ မနည်းလှသည့်
ဗီရိုရှည်​ကို ဆွဲဖွင့်​လိုက်​သည်​နှင့်
အတွင်းမှာ အပြည့်​ချိတ်​ဆွဲထား​ပေးသည့်
အက်ႌမ်ား။

"ဟင်​ အနီ​ရောင်​​တွေ။"

ဗီရိုအပြည့်​ ​နေရာယူနှင့်​​သော အင်္ကျီနီနီများကို
ကြည့်​ကာ သူ ငြီးတွားမိလိုက်​သည်​။

"ဟုတ်​တယ်​၊က​လေး၊
က​လေးက နှင်းဆီရဲရဲ​လေးနဲ့တူတယ်​​လေ။
ဒါ​ကြောင့်​ က​လေးနဲ့ လိုက်​ဖက်​မှာ​တွေ
ကိုယ်​ပြင်​ထားတာ၊"

သူစိတ်​ရှုပ်​မိသွားသည်​။
ဒါ​တွေ မ၀တ်​ချင်​ပါဘူး။

"ကျွန်​​တော်​ပါလာ​တာ​တွေပဲ ၀တ်​ချင်​တယ်​။"

မ၀ံ့မရဲဆိုမိ​လေသည့်​အခါ
စူးကနဲ​ရောက်​လာ​သော မျက်​၀န်းများ။

သို့​ပေမယ့်​ ခဏချင်းအ​ရောင်​​ဖျော့ကာ
နှုတ်​ခမ်း တွန့်​ရုံ ပြုံးလိုက်​သည်​က

"က​လေးရယ်​၊
ကိုယ်​က က​လေးနဲ့ တကယ်​လိုက်​လို့​ပြောတာပါ၊
မယုံရင်​...ကြည့်​။"

Little Rose [နှင်းဆီနီ]Where stories live. Discover now