၁၅

2K 298 19
                                    

"ကိုကို။"

သူနှုတ်​ဖျားက ခပ်​တိုးတိုး​ရေရွတ်​မိသည့်​အခါ
အလိုလို​ပြုံးမိ​စေသည့်​ နာမ်​စားတစ်​ခု။

"အနမ်း"

ဒီအချိန်​မှာ​တော့ လက်​ကပိုက်​ထားသည့်​ ​ခေါင်းအုံးထံ
မျက်​နှာထိုးဝှက်​မိ​တော့သည်​။

ကိုကို့ကို ချစ်​တယ်​​ပြောပြီး
ရက်​အ​တော်​အတန်​ကြာပြီးသည့်​​နောက်​မှာ
ကိုကို့အနမ်းများနဲ့ အနည်းငယ်​အသားကျ​နေပြီဖြစ်​သည်​။

ဤတွင်​ အနည်းငယ်​ဟုသုံးရသည်​မှာ
သူလုံးဝ မရှက်​​တော့ခြင်းမဟုတ်​၍ဖြစ်​သည်​။

ကိုကိုသူ့ကိုအနမ်း​ခြွေတိုင်း
သူလက်​​တွေ​ခြေ​တွေ​အေးစက်​မြဲ
မျက်​နှာပူထူလာကာ ရှက်​မြဲဖြစ်​သည်​။

သို့​ပေမယ့်​ ​ရှောင်​ထွက်​​ပြေးမိသည့်​အထိ
ငိုမိသည့်​အထိမဟုတ်​​တော့​ပေ။

ကိုကို့ရဲ့ ​ချော့မြူ​ထွေး​ပွေ့စကား​တွေ​ကြောင့်​ပင်
သူရင်​ခုန်​လှိုက်​​မောသည့်​ကြားမှ ထိုအနမ်းများကို
တောင့်​တ​တတ်​​နေပြီဖြစ်​သည်​။

အိပ်​ရာထဲလုံး​ထွေး ပတ်​လည်​ရိုက်​​နေသည့်​ကြားမှ
အိမ်​​အောက်​က ကားသံကြားရသည့်​အခါ
သူအလူးအလဲထလိုက်​မိ​တော့သည်​။

"ကိုကို ပြန်​​ရောက်​ပြီပဲ။"

အခန်းထဲမှ​နေ အိမ်​​အောက်​သို့ ​ပြေးဆင်းရန်​ပြင်​သည်​။
ဒါ​ပေမယ့်​ အိပ်​ရာထဲလုံး​ထွေးထားသည်​မို့
ရှုပ်​ပွ​နေမည့်​ ဆံနွယ်​နီနီများကို မှန်​​ရှေ့မှာ
တစ်​ချက်​နှစ်​ချက်​ဖိသပ်​ရ​သေးသည်​။

ကိုကိုက သပ်​ရပ်​​နေမှကြိုက်​သည်​တဲ့​လေ။

"ကိုကို။"

အပြုံးနှင့်​ကမ်းလင့်​၍ လက်​ထဲမှ လက်​ဆွဲအိတ်​ကို
ပြေးယူမိသည့်​အခါ
ပြန်​လည်​တုံ့ပြန်​လာသည်​က
ပခုံးတစ်​ဖက်ကို​​ဆွဲယူကာ နဖူးထက်​သို့
အနမ်းချိုချိုတစ်​ပွင့်​ ၀ပ်​ဆင်း​လာခြင်း။

သူမျက်​​စောင်းကျိတ်​ကျိတ်​ထိုးလိုက်​မိသည်​။
အထဲ​ရောက်​မှနမ်းလည်းရတာကို။ကိုကိုကသိပ်​ပိုတယ်​။
အိမ်​ထဲက ၀န်​ထမ်း​တွေကြည့်​ကုန်​ပြီ။ဟွန့်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now