၁၂

2K 313 33
                                    

"ချစ်​တယ်​မဟုတ်​လားဟင်​၊ကိုယ့်​ကို။"

သူ့​ရှေ့မှာ ဒူးတစ်​ဖက်​​ထောက်​ချထိုင်​ကာ
သူ့လက်​၀ါးတို့ကို ​ထွေးဆုပ်​လာသူက
နှုတ်​ခမ်းများ၌ ဖုံးကွယ်​မရ​သော
အပြုံးတို့ ​ပေါ​ပေါ​သော​သောဖြင့်​။

"ဘယ်​သူ​ပြောလဲ။"

လက်​ကို ရုန်းထွက်လိုက်​မိ​သော်​လည်းမရ။
တင်း​နေ​အောင်​ ပြန်​ဆုပ်​ကိုင်​ထားသည်​။

"ချစ်​​နေပါတယ်​ကွာ။"

ရယ်​စစဖြင့်​ဆိုကာ သူ့လက်ဖမိုးကို
နှုတ်​ခမ်းများဖြင့်​ ထိကပ်​လာ​တော့
သူဆတ်​ကနဲတုန်​သွားရသည်​။

ဒီလိုမျိုး​တွေနဲ့ Cai ကို
လာဆွယ်​လို့ရမယ်​ထင်​​နေရင်
ကိုကိုမှားသွားမှာ​ပေါ့။

"ဟင်​၊က​လေး ​ပြောပါဦး။"

လက်​ဖျား​လေးကို ကိုင်​ကာ ရမ်းပစ်​သူက
က​လေး​တွေမုန့်​ပူဆာ​နေသလိုမျိုးအထာဖြင့်​။

"မချစ်​ပါဘူး။ ဘာလို့ချစ်​ရမှာလဲ။"

ကိုကိုက မျက်​​မှောင်​ကျုံ့​လိုက်​သည်​ကိုပင်
သူရယ်​ချင်​ရက်​က
တမင်​တည်​ကာကြည့်​ရ​သည်​။

"က​လေး​နော်​။
ကိုကိုက နှလုံးသား​ရေးနဲ့ပက်​သက်​ပြီး
လိမ်​တာမကြိုက်​ဘူး။"

သူ ကိုကို့ကို အသည်းယားလာသည်​။
ကိုကိုက ချစ်​စရာကြီးမို့
စိတ်​သ​ဘောထား​ကောင်းသည့်​ Cai ကပဲ
အ​လျှော့​ပေးလိုက်​ပါမယ်​​လေ။

"အဟမ်း။ဘာ နှလုံးသား​ရေးလဲ။
မသိဘူး။"

ကိုကို့မျက်​ခုံးနှစ်​ဖက်​သည်​ ထိစပ်​လုနီးနီး
တိုးကပ်​သွားပြီးမှ
ပြန်​လည်​​ပြေ​လျော့ကာ နှုတ်​ခမ်းများပါ
တွန့်​​ကွေး လာသည်​။

"ကိုယ့်​ကိုချစ်​တယ်​မဟုတ်​လား လို့။"

သူ့လက်​ဖမိုးကို
ကိုကိုက ပါးပြင်​နဲ့ကပ်​လိုက်​ပြန်​သည်​။

"ချစ်​တာ????။ချစ်​တယ်​ဆိုတာ ဘာလဲ။
စားလို့ရတဲ့ဟာလား။"

တမင်​ပင်​ အပြစ်​ကင်းဟန်​ပြုကာ
မေးခွန်းတစ်​ဖန်​ထုတ်​​တော့....
ကိုကိုကရယ်​သည်​။

Little Rose [နှင်းဆီနီ]Where stories live. Discover now