၂၁

1.9K 358 27
                                    

"ဟင်​။ကိုကို။"

လက်​၀ါးဖြင့်​ သူ့နဖူးသို့ ထိကပ်​ ငုံ့မိုးကြည့်​​နေဆဲကိုကို။

အိပ်​ရာ​ပေါ်မှ အလူးအလဲထဖြစ်​​တော့။

"အာ့။"

"​ခေါင်းကိုက်​​နေလား။"

သူ့နားထင်​သို့ လက်​မ​လေးဖြင့်​ ဖိကပ်​​ပေး​ကာ ကိုကိုက ပြုံးသည်​။

"အင်း။နည်းနည်း။"

ပါတီအထိ လိုက်​​ခေါ်ထားရသည့်
ကိုကိုမငြိုငြင်​ဖို့အ​ရေး။

"ကိုကို့ကို လွမ်း​နေတာ။"

ကုတင်​​ပေါ် တ​စောင်းအ​နေအထားထိုင်​​နေသည့်​ကိုကို့ကို အစွမ်းကုန်​ပြုံးပြလိုက်​ရသည်​။

"အမူးသမား​လေး လာချွဲ​နေ။"

သူ့နဖူးသို့ လက်​သီးဆုပ်​ဖြင့်​ ခပ်​ဖွဖွထု​လေသည်​။

"ဘာအမူးသမားလဲ။"

လက်​သီးဆုပ်​ကို ဖမ်းကိုင်​၍ ပါးပြင်​နှင့်
ဖွဖွပွတ်​ဆွဲလိုက်​သည်​။

"ညက မူးလာပြီး ကား​ပေါ်မှာတင်​အိပ်​​ပျော်​သွားတာ​လေ။"

သူ ​ကြောင်​သွားသည်​။
သူမမူးပါဘူး။အချိုရည်​ပဲ​သောက်​ခဲ့တဲ့ဟာကို။

"အချိုရည်​ပဲ​သောက်​ခဲ့တာကို ကိုကိုကလည်း။"

ကိုကိုက ပြုံးတုံ့တုံ့ကြည့်​၍
သူ့နှာ​ခေါင်းကို လာညှစ်​​လေသည်​။

"အဲ့အချိုရည်​ထဲ ဘာ​တွေပါလဲမသိဘူးမလား။"

ဟင်​။ဟုတ်​လို့လား။
Cheng က​ပြောတာ အချိုရည်​တဲ့။

"အလိမ်​ခံရတာ​တောင်​မသိဘူး။
အဲ့ဒါ​ကြောင့်​ က​လေးကို ကို​ယ်​​စိတ်​မချတာ။"

သက်​ပြင်းချလျက်​ဆိုလာသည့်​အခါ
ကိုကိုစ​နေတာမဟုတ်​မှန်း​သေချာလာသည်​။
သူမူး​နေခဲ့တာဆို​တော့ မဟုတ်​တာ​တွေများ
လုပ်​ခဲ့​လေသလား။

"​တော်​​သေးတာ​ပေါ့။ဘာမှမရစ်​ မပြုဘဲ
အိ​ပ်​​ပျော်​သွားလို့။"

သူသက်​ပြင်းချလိုက်​မိသည်​။
ဒါ​ပေမယ့်​ သူအိမ်​ပြန်​​နောက်​ကျသလို
မူးလည်းမူးလာ​သေးတာဆို​တော့။

Little Rose [နှင်းဆီနီ]Where stories live. Discover now