2.6K 334 21
                                    

"​ဟေ့ ဘာလို့ ဖျက်​ဆီး​နေရသလဲ။"

ပြောကာ အနားကို
တစ်​လှမ်းချင်း​​လျှောက်​လာသူက
အကြည့်​မလွှဲချင်​​လောက်​​အောင်​ ဆွဲ​ဆောင်​မှု
ရှိလွန်းလှသည်​။

သပ်​ရပ်​စွာ ဖီးသင်​ထားတဲ့ဆံပင်​​တွေက
နက်​​မှောင်​​နေသည်​များ လက်​ဖြင့်​ဆွဲသပ်​ချင်​စရာ။

လက်​ပတ်​နာရီ အ​ရောင်​က ​နေ​ရောင်​ဟပ်​တိုင်း
လက်​ကနဲ လက်​ကနဲ။

ထင်းလင်း​နေ​သော မျက်​ရစ်​များ​အောက်​က
မျက်​၀န်းများက ၀တ်​ထား​သောအ​ရောင်​ကဲ့သို့
စူးရှ​တောက်​ပလွန်းလှသည်​။

သူမုန်းလွန်းလှပါသည်​ဟူ​သော အနီ​ရောင်​သည်
ထိုလူ့ကိုယ်​​ပေါ်၌ကျ ကြည့်​​ကောင်းလိုက်​တာများ။

"​ဟေ့ ကိုယ်​​မေး​နေတယ်​​လေ။"

အာဏာဆန်​တဲ့ အသံ​ကြား​တော့မှ
သူ သတိဝင်​ကာ ​ငေး​နေတာရပ်​မိ​တော့သည်​။

"အ.....အမြင်​ကပ်​လို့​ပေါ့......"

ရှိရင်းစွဲ မာဆတ်​ဆတ်​​ဖြေမိပြီးမှ
နှုတ်​ခမ်းကို ကိုက်​ကာ တားမိရ​သေးသည်​။

အို ဒါ​ပေမယ့်​ ဘြာ​ဖစ်​သလဲ။
ကိုယ်​မကြိုက်​လို့ မကြိုက်​ဘူး​ပြောတာပဲ။
လိမ်​တာမှမဟုတ်​ပဲ​လေ။

"အစွာ​လေးပဲ။"

ဟင်​ ဘာ​ပြောလိုက်​တာ။

"မင်းဆံပင်​​တွေက အရမ်းလှတာပဲ။"

လာပြန်​ပြီ။နောက်​ထပ်​စကားတစ်​ခွန်း။
သူအံ့အားသင့်​လို့မဆုံးချိန်​မှာ
ထိုလူက သူ့အနားမှာ မတ်​တပ်​ရပ်​လာခဲ့ပြီ။

မော့မကြည့်​ချင်​တာမို့ မျက်​လွှာချလိုက်​​တော့
ပြောင်​လက်​​နေ​သော ရှူးဖိနပ်​ ကိုမြင်​လိုက်​ရသည်​။

သူမသိလိုက်​ခင်​မှာပဲ
သူ့​ခြေ​ထောက်​ကို သူပြန်​ကြည့်​လိုက်​မိ​တော့
ဖိနပ်​မစီးထားတာမို့ သဲ​တွေ ဗွက်​​တွေ​ပေ​ရေ​နေ​သည်​မို့ အလိုအ​လျောက်​ပင်​ ​တံတားအောက်​လျှိုကာ
ဖွက်​လိုက်​မိ​လေသည်​။

"ဆံပင်​ အ​ရောင်​ဆိုးရတာမကြိုက်​ဘူးလား။"

"ဟင်​....မကြိုက်​....မကြိုက်​ဘူး။"

Little Rose [နှင်းဆီနီ]Where stories live. Discover now