၂၄

1.8K 314 34
                                    

"​ဒေါ်​လေး....က​လေး ပြန်​​ရောက်​​နေတယ်​ဆို။"

အိမ်​ကဘကြီးကို ​နေ့လည်​ဘက်​လာကြိုခိုင်းပြီး
ပြန်​လာတာ သူသိပြီးသား​ပေမယ့်
အိမ်​၀မှာ ဖိနပ်​ချွတ်​ရက်​က ​မေးလိုက်​သည်​။

"ဟုတ်​တယ်​ ​Ziyi ​ရေ။
နေမ​ကောင်းလို့လားဆို​တော့ မဟုတ်​ဘူး​ပြောတယ်​။
နေ့လည်​အိမ်​ပြန်​​ရောက်​တည်းက
အခန်းတံခါးပိတ်​ထားတာပဲ။"

သူခပ်​သွက်​သွက်​​ပြေးတက်​လာခဲ့လိုက်​သည်​။

/////

"က​လေး။ "

စောင်​​အောက်​ ၀င်​​ခွေ​နေ​သော
ခန္ဓာကိုယ်​​လေးတစ်​ခုနား Ziyi ချဉ်းကပ်​လိုက်​သည်။
ဘေးတ​စောင်းကပ်​ထိုင်​၍
တစ်​ဖက်​​စောင်းထား​သော ပခုံး​လေးကို
ဆွဲလှည့်​ယူရသည်​။

"​နေမ​ကောင်းဘူးလား။"

မျက်​လုံးအသာဖွင့်​ကြည့်​၍ ​ခေါင်းခါပြသည်​။
ထို့​နောက်​ ကိုယ်​တစ်​ပိုင်းလှဲလုနီးဖြစ်​​နေသည့်
သူ့ရင်​ခွင်​ထဲဝင်​၍ လည်​တိုင်​နားကို
မျက်​နှာဖြင့်​အတင်း​ဝှေ့​လေသည်​။

ကျောပြင်​ကို ခပ်​တင်းတင်​ပွေ့ကာ ကျပ်​​နေ​အောင်
ဖက်​ထား​ပေးလိုက်​သည်​နှင့်​ ရှိုက်​သံတို့ဆူလာ​လေသည်​။

"ကိုကို၊ "

တို့​လျော့​သော ​ခေါ်သံ​လေး​ကြောင့်
ZiYi သည်​ က​လေး၏​ခေါင်း​လေးကို
အသာကြူလိုက်​မိသည်​။

"ကျွန်​​တော်​က....ကျွန်​​တော်​က​လေ....
သူများအမြင်​မှာ....ကိုကို့ရဲ့....တိတ်​တိတ်​...ပုန်း..."

အဆုံးထိမဆိုနိုင်​ရှာ​သော က​လေး၏
လေသံတစ်​၀က်​တစ်​ပျက်​မှာ
ZiYi အထိတ်​တလန့်​ဖြစ်​သွားရပြီး၊

"ဒီမှာ...ကြည့်​စမ်း၊ကိုကို့ကို ကြည့်​စမ်း။"

က​လေးကိုပါ ဆွဲထူလိုက်​၍ သူပါ ထိုင်​ကာ
မျက်​နှာချင်းဆိုင်​ပစ်​လိုက်​သည်​။

"​ဟေး...Cai ကိုကို့ကြည့်​စမ်းလို့.. က​လေးရဲ့။"

ရှိုက်​​နေဆဲCai ရဲ့ မျက်နှာ​လေးက
ကိုကို့ရဲ့ လက်​​ဖ၀ါးတွေကြားထဲ ပါသွားရပြီ။

Little Rose [နှင်းဆီနီ]Where stories live. Discover now