၁၈

1.7K 308 37
                                    

"Cai မင်းက ဘာနဲ့ပြန်​မှာလဲ။"

အတန်းထဲ စထိုင်​ကတည်းက မျက်​နှာနဲ့ဖုန်းနဲ့
ကပ်​ထားသလားထင်​ရ​အောင်
အလုပ်​များ​နေသည့်​ Cheng က
အခုမှ သူ့ကို စကားစ​ပြော​လေသည်​။

ပထမဆုံးဝင်​သည့်​ဆရာ ရှင်းပြသွားသည့်
စာ​တွေကို နားသိပ်​မလည်​၍
သေချာပြန်​ကြည့်​​နေသည့်​သူက

"ကားနဲ့​လေ။ဘာလို့လဲ။"

"Awww မနက်​က ကားအနီကြီးလား။
မိုက်​တယ်​​နော်​။လုံးဝအလန်းပဲ။
မင်းတို့က သူ​ဌေးပဲကွ။"

ဒီအချိန်​မှာ​တော့ သူအလိုလို​နေရင်း
သိမ်​ငယ်​မိသွားပြန်​သည်​။

တကယ်​ချမ်းသာတာက သူမှမဟုတ်​ပဲ။

"မဟုတ်​ပါဘူးကွာ။
အဲ့ဒါ ကိုကို့ကားပါ။"

စာရွက်​အနား​လေးကို သူအသာဖိ​ချေပြီး
ဖြေလိုက်​မိသည်​။

"ကိုကိုဆိုတာ မင်းအစ်​ကိုလား။"

သူဘယ်​လို တုံ့ပြန်​ရမလဲ စဉ်းစားလို့မရ​သေးခင်
ခေါင်းကို အလိုလို ညိတ်​မိသွားသည်​။

ကိုကို့ချစ်​သူဆိုတာ သူမ​ပြောရဲပါဘူး။

"အာ။မင်းအစ်​ကို ပိုင်​တာဆို မင်းပိုင်​တာပဲ​ပေါ့ကွ။မင်းကလည်း ​နောက်​တယ်​။"

Cheng က သူ့ပခုံးကို ဖွဖွထိုး​လေသည်​။

သူမ​ဖြေရှင်း​နေ​တော့ပါ။
သူနဲ့ကိုကို့ရဲ့ ပက်​သက်​မှုက လူတကာကို
လိုက်​​ပြောပြသင့်​သည်​မှမဟုတ်​ဘဲ။

ပြုံးပြလိုက်​မိ​လေသည်​။

"Hello Cai"

ရေ​မွှေးနံ့ဆန်းဆန်းတစ်​ခုကို ရလိုက်​ပြီး​နောက်​တွင်
သူ့အမည်​ကို ​ခေါ်၍
သူ့​ဘေး​နေရာသို့ လာရပ်​​လေ​သော အရိပ်​တစ်​ခု။

သူလှည့်​ကြည့်​လိုက်​​မိ​တော့
အပြာ​ရောင်​မျက်​၀န်းများနဲ့ဆုံသည်​။

"တို့ ဒီ​နေရာမှာထိုင်​လို့ရလား။"

ဘာလို့ဒီ​နေရာလဲ။

တကယ်​တမ်း​ပြောရရင်​ မထိုင်​​စေချင်​​ပေမယ့်
အခြားအတန်း​နေရာများကို
ဝေ့၀ိုက်​ကြည့်​မိ​တော့
နေရာလွတ်​က မရှိ​​တော့တာမို့လို့

Little Rose [နှင်းဆီနီ]Where stories live. Discover now