ဘဲလ်မြည်သံ ကြားလို့
တံခါးဖွင့်လိုက်တော့ အိမ်ပေါက်ဝမှာ တန်းတွေ့လိုက်ရတဲ့သူ အိမ်စည်။ ဆက်ဟန်ကို မျက်ခုံးတစ်ဖက်ပင့်ပြီး လက်ပိုက်ကာ မိုက်ကြည့်,ကြည့်နေလေသည်။ဘယ်ကအသံကို ဘယ်လိုကြားလို့ ဆက်ဟန်ဆီ ရောက်လာပါလိမ့်။
ဆက်ဟန် အပူရုပ်ကို ဟန်လုပ်ကာ မဖြစ်မနေ ကြိတ်မှိတ်ပြုံးပြလိုက်ရသည်။
"ငါ့ကိုတွေ့တဲ့အဲ့မျက်နှာကြီးက ဘာဖြစ်သွားတာလဲ။"
ပွင့်နှင့်ပြီးသား တံခါးကို တွန်းလိုက်ရင်းနဲ့ အိမ်စည်က
ဝင်လာလေသည်။ ပြီးတော့ သူ့ကြိုးသိုင်းဖိနပ်ကို ချွတ်ရင်း ဆက်ဟန်ကို မျက်စောင်းခဲ ကြည့်သည်။
ဆက်ဟန်ကတော့ သူ့ဘေးမှာ မတ်တပ်ရပ်လျက်။အိမ်စည်ပြောလည်း ပြောချင်စရာပင်။ ဆက်ဟန်မျက်နှာက မအီမသာမျက်နှာပေးနှင့်လေ။
"ရော့..။ဦးလေးအတွက် ငါဝယ်လာတာ၊"
ဆက်ဟန်ဆီကို ထိုးပေးလာတဲ့ အထုပ်ကို လှမ်းဖမ်းရသည်။ သူ့မှာက ဖိနပ်ကို ခုထိချွတ်လို့မပြီးနိုင်သေး။
ဆက်ဟန်အထုပ်ကိုဖြည်ကြည့်လိုက်တော့ အိုဗာတင်းတို့၊ ခနောဆန်ပြုတ်ထုပ်တို့လို လူမမာစာတွေ။"ဦးလေးရော သက်သာရဲ့လား။"
အိမ်စည်က ဖိနပ်ချွတ်ပြီးတော့ အိမ်ရှေ့ဧည့်ခန်းက ထိုင်ခုံတစ်လုံးမှာ ခြေပစ်လက်ပစ် ဝင်ထိုင်သည်။ သူ့အိမ်သူ့ယာလို စတိုင်နှင့် တွန့်ဆုတ်ခြင်းအလျင်းမရှိ။
ဖေဖေ နေမကောင်းတဲ့အကြောင်းကိုတော့ လွန်ခဲ့တဲ့အပတ်လောက်ကတည်းက အိမ်စည်ကို ဖုန်းပြောရင်း လမ်းကြုံတာနဲ့ ပြောပြပြီးပြီ။ နေမကောင်းလို့ မိဘအိမ်ပြန်လာနေရတဲ့အကြောင်းရောပေါ့။
"အင်း..မပြောတတ်ပါဘူး။ခုထိတော့ ထတာဘာညာ လူတွဲနေရတုန်းဘဲ။ လေဖြတ်တာက ပြန်ကောင်းဖို့ဆို စွဲကုရမယ်တဲ့။ မေမေပြောတာဘဲ."
"နင့်အမေဆိုမှအန်တီရော ဘယ်သွားလဲ။"
အိမ်စည်က အိမ်အတွင်းဘက်ကို လှမ်းကြည့်လိုက်သေးသည်။ မေမေက ဆက်ဟန်ကနေမှတဆင့် အိမ်စည့်ကို သိရပေမယ့် အိမ်စည်ကို သူ့သမီးအရင်းလိုကို ချစ်သည်။ ဆက်ဟန်ကိုလည်း အိမ်စည်နဲ့ဆို နတ်ပြည်တက်တက်၊ ငရဲပြည်ဆင်းဆင်း စိတ်ချပြီးသား။ ဒါကြောင့်လည်း ဆက်ဟန် အိမ်စည့်ဆီမှာ ယောင်္ကျားပေးစားခံရတဲ့ အဆင့်အထိ ရောက်တာ။
ВЫ ЧИТАЕТЕ
💕Valentine ဖူးစာ 💖 (Completed)
Любовные романыUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...