Part-15 (Unicode)

4.2K 379 6
                                    


"ဘော့စ်...ဒီနေ့ အရမ်း ကိုပေါ့ပါးသွက်လက် နေသလိုဘဲ။"


အခန်းထဲကို မြောက်ကြွ မြောက်ကြွနှင့် ဝင်လာသော မြင့်မိုရ်ဘုန်းပိုင် အား ယွန်းပွင့်ဖြူဆီးကြိုပြီးပြောသည်။ တကယ်လည်း မြင့်မိုရ်ဘုန်းပိုင်၏ ခြေထောက်များက မြေပြင်အထက်မှ တစ်တောင်အကွာတွင် ပြေးလွှားနေသလို ခံစားနေရသည်။


"အင်း..."


အတွင်းရေးမှူးမလေး၏ အမွှန်းစကားအား ထိုမျှလောက်ဖြင့်သာ မြင့်မိုရ်ဘုန်းပိုင်တုံ့ပြန်လိုက်သည်။ ပြီးတော့ ဆုံလည်ကုလားထိုင်ကို ဆွဲလှည့်ပြီး ပစ်ထိုင်ချလိုင်သည်။ အဆင်သင့်တင်ပေးထားသော ဂျာနယ်တစ်စောင်ကို ကောက်ယူဖတ်လိုက်သည်။ကောင်လေးအား အနီးကပ်နှိပ်စက်ရတော့မည်မို့ မြင့်မိုရ်ဘုန်းပိုင် သိပ်ကျေနပ်နေသည်မဟုတ်ပါလား။ မျက်စိရှေ့မှာထားပြီး ခြေရာလက်ရာ မပေါ်တဲ့နည်းတဲ့ စိတ်ဒုက္ခပေးရမှာပေါ့။ ရိပ်လေးကို အပိုင်သိမ်းသွားတဲ့ ထိုကောင်လေးကို...နူတ်ခမ်းအစုံက မဲ့ပြုံးတစ်ခုကို အလိုအလျောက်ဖန်တီးမိသည်။


"ပိုလည်း ကြည့်ကောင်းလာတယ်"


ထွက်ပေါ်လာတဲ့အသံလေးကြောင့် မြင့်မိုရ်ဘုန်းပိုင် မော့ကြည့်မိသည်။ ယွန်းပွင့်ဖြူဟာ ဘယ်လို အခြေအနေ မှာ ဘယ်လိုစကားပြောရမယ်ဆိုတာက သိလာပြီ။ တစ်နည်းအားဖြင့် အကင်းပါးလာပြီပေါ့။


"အရင်နေ့တွေကရောကြည့်မကောင်းလို့လား။"


ဂျာနယ်စာရွက်တွေကို တဖျတ်ဖျတ်ပြန်လှန်ရင်း မေးခွန်းထုတ်မိသည်။


"အဲ့လိုမဟုတ်ဘူးလေ။ အရင်ကထက်ပိုကြည့်ကောင်းတာကို ပြောတာ။မျက်နှာတွေဘာတွေများ သွားပေါင်းတင်လိုက်တာလား။ ဘော့စ် exလိုလေ။"


"မလိုပါဘူး။ ကိုယ်ကမွေးကတည်းကချောပြီးသားဘဲ။"


ခပ်ပြုံးပြုံးပင် ပြန်ဖြေလိုက်ပြီး အခန်းထဲ ဝေ့ကြည့်မိတော့ ဆက်ဟန်ကမရှိ။ မြင့်မိုရ်ဘုန်းပိုင် ရောက်နေတာတောင် ဆက်ဟန်က ရောက်မလာသေးတော့ စိတ်ထဲ အနည်းငယ် ခုသွားသည်။ တကယ်ဆို သူဌေးထက် စောရောက်နေသင့်တယ်လေ။

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now