Part-19 (Unicode)

3.7K 354 2
                                    

တီး...တောင်..တီး...တောင်.."


နာရီကို ရိပ်နေအရင်ကြည့်မိသည်။ ငါးနာရီတောင် မခွဲသေး။ဘဲလ်မြည်သံက နောက်ထပ် တစ်ကြိမ် ထွက်ပေါ်လို့ လာချိန်မှာတော့ ရိပ်နေ တံခါးကို ဆွဲဖွင့်လိုက်သည်။


"ဘေဘီဒီနေ့ပြန်လာတာစော..."


ရိပ်နေရဲ့စကားမဆုံးလိုက်ပါ။ အိမ်ပေါက်ဝမှာ ရပ်နေသောသူသည်..


"အန်တီ..."


💕


ကော်ဖီခွက်ကို စားပွဲပေါ် ရိပ်နေတင်လိုက်တော့ ကော်ဖီနံ့သင်းသင်းက အခန်းထဲ ပျံ့လွင့်လို့သွားသည်။


"အန်တီ..ကော်ဖီသောက်ပါဦး.."


ရိပ်နေရဲ့အရှေ့ဘက်က မျက်နှာချင်းဆိုင် ခုံမှာ ထိုင်နေတဲ့ ဘေ ဘီလေးဟန်ရဲ့အမေကို ဧည့်ဝတ်ပြုလိုက်သည်။


"ရတယ်..ဒီမှာအချိန်ဖြုန်းဖို့လာခဲ့တာ မဟုတ်ဘူး.."


ရိပ်နေရဲ့လက်ဖျားတွေ ဆတ်ခနဲတုန်ယင်သွားခဲ့သည်။ ဒါပေမယ့်လို့ မျက်နှာပါ ပျက်မသွားဖို့ ရိပ်နေတော်တော်လေးထိန်းလိုက်ရသည်။ ကော်ဖီခွက်ကို ကမ်းပေးမယ့်လက်ကို အသာပြန်ရုတ်လိုက်သည်။


"အန်တီ လာရင်းကိစ္စကိုဘဲ ပြောတော့မယ်။"


"ဟုတ်ကဲ့..ပြောပါ..အန်တီ.."


အပြုံးတစ်ခုကို ချက်ချင်းဖန်တီးလိုက်ရင်း အန်တီ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။ အန်တီကလည်း ရိပ်နေကို အတန်ကြာ စိုက်ကြည့်နေသေးသည်။ ရိပ်နေတို့်နှစ်ယောက်ကြားလေထုဟာ စစ်ပွဲမစတင်ခင် စစ်မြေပြင်တစ်ခု၏ အေးစက်မူမျိုးနှင့် ဆင်တူနေလေသည်။အတန်ကြာမှ သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရသည်။


"ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် အခုထိ အန်တီဘယ်လိုမှ မယုံနိုင်သေးဘူး..။သားကိုဆက်ဟာ ဒီလိုဖြစ်သွားလိမ့်မယ်လို့..သူ့အဖေလည်း အရမ်းကို ယူကြုံးမရဖြစ်နေတယ်..။အခု သားစိတ်နဲ့ အိပ်ရာထဲလဲနေတယ်။"

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now