Part-3 တစ်သက်တာဆီသို့💓 (Unicode)

6.5K 647 44
                                    

ဆက်ဟန်ဓာတ်လှေကားထဲကထွက်ထွက်ချင်းကြားလိုက်ရတာက..


"ကိုဆက်..!!"


ဗုဒ္ဓေါမြတ်စွာ..!!!!ဟိုကောင်မအိမ်စည်အသံ..ငါများနားကြားမှားတာလား...ဆက်ဟန်လှေကားခွင်ကိုုကမန်းကတန်းပြူးပြဲကြည့်သည်.။


"ဘယ်တွေကိုလိုက်ကြည့်နေရတာလဲ.."


အသံထွက်ပေါ်လာရာကိုကြည့်လိုက်တော့လှေကားရင်းမှာရပ်နေတဲ့အိမ်စည်..။ဆက်ဟန်ကိုမြင်တော့အိမ်စည်ကဒေါက်ဖိနပ်သံတဂွတ်ဂွတ်နှင့်တက်လာပြီး


"နင်ဘယ်တွေလျှောက်သွားနေတာလဲ..!!မနေ့ညကတည်းကနင့်ကိုဖုန်းဆက်နေတာ..ဖုန်းကလည်းစက်ပိတ်ထားတယ်..!!နင့်အမေဘယ်လောက်စိတ်ပူနေလဲသိလား!!"


အိမ်စည်သည် ဆက်ဟန်ကိုဆီးပြီး အော်လေသည်..။ ကံတရားကဆက်ဟန်ကို ဘယ်လောက်မျက်နှာသာမပေး လိုက်သလဲဆိုတာ..။ဟိုလူနေတဲ့ကွန်ဒိုကဆက်ဟန်ရောအိမ်စည်ရောသင်တန်းတက်နေ သည့်Strategy Firstရှိနေသည့် ပန်းခြံတာဝါ ဖြစ်နေသည်ကိုဘဲကြည့်..။အပေါ်က ပြေးဆင်းဆင်းလာချင်းလည်း သင်တန်း လာတက်သည့် အိမ်စည်နှင့် တန်းတိုးလေသည်..။


"ငါမေးနေတာဖြေလေ..!!!"


ဆက်ဟန် လည်ပင်းကိုသာ နာနာပွတ်နေမိလေသည်..။ အဆင်ပြေလောက်သည့် ဆင်ခြေသည် ခေါင်းထဲမှ ချက်ချင်းထွက်မလာ..။အူတူတူလုပ်နေတဲ့ဆက်ဟန်ကြောင့် အိမ်စည်ပိုဒေါသထွက်လာပြီး


"ငါနင့်ကိုအိမ်ကိုတန်းတန်းမတ်မတ်ပြန်ခိုင်းတယ်လေ...အဲ့တာကို..နင်က..အယ့်..ခဏ.."


အိမ်စည်ဆက်ဟန်ကို အော်နေရင်းမှ တစ်စုံတစ်ရာကို သတိထားမိသွားလေသည်..။ အဲ့တာက ဆက်ဟန် လည်ပင်းပေါ်ကအနီကွက်တွေ...။


"နင့်..နင့်..လည်ပင်းက.."


"ဟင်..လည်ပင်းကဘာဖြစ်.."


ဆက်ဟန်ပြန်မေးလိုက်ပြီးမှသေစမ်း..!!!ဟိုလူပါးစပ်ကမြင်းထားတဲ့အကွက်တွေ..!!ဆက်ဟန် ကော်လံကို ချက်ချင်း ဆွဲထောင်ပစ်လိုက်ပြီး လက်နှင့်အုပ်ပစ်လိုက်ပြီး

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now