Part-17 (Unicode)

3.9K 394 10
                                    

"ဒီနေ့ ဦးမြင့်မိုရ်ပါမလာဘူးလား..မမ"


ရုံးကို အစ်မယွန်းပွင့်ဖြူ တစ်ယောက်တည်းသာ ရောက်လာတာကြောင့် ဆက်ဟန် မေးလိုက်မိသည်။ အစ်မယွန်းပွင့်ဖြူက ဆက်ဟန် မေးတာကို ချက်ချင်း ပြန်မဖြေသေး။ သူ့လက်ထဲ အိတ်ကို စားပွဲပေါ်ပစ်ချလိုက်သေးသည်။


"ဖျားသွားပြီလေ.."


ဆက်ဟန် စိတ်ထဲက ကြိတ်ပြီး ပျော်သွားသည်။ အလုပ်သင်ဆင်းရမှာက တစ်လ။ အခုဘဲ တစ်ပတ်ကျော်သွားပြီဆိုတော့ နောက်နှစ်ပတ်ကျော်လောက်ဆို အလုပ်သင်ကာလ ပြီးပြီ။ဟိ...ဘော့စ်သာ နှစ်ပတ်နီးပါးဖျားလိုက်ရင် ပြီးပြီ။ဆက်ဟန် ကြိတ်ပြီး ပြုံးလိုက်မိသည်၊


"မောင်လေး.."


"ဗျာ..အစ်မ.."


အစ်မယွန်းပွင့်ဖြူ၏ လှမ်းခေါ်သံကြောင့် ဆက်ဟန်၏ အတွေးစလေး ပြတ်တောက်သွားရသည်။


"ဒါစာရွက်စာတမ်းတွေယူထားလိုက်..အစ်မ စစ်တော့ စစ်ပြီးပြီ။ရွှတ်... နေ့လည်ကျရင် HR departmentက မန်နေဂျာလာလိမ့်မယ်။ သူပေးတဲ့ စာရင်းတွေ ယူထား။ရွှတ်..."


ဆက်ရမယ့် လုပ်ရမယ့် အလုပ်တွေကို အစ်မယွန်းပွင့်ဖြူ သည် တရစပ်ပြောပြနေသည်။ ဆက်ဟန် sticky noteကို ချက်ချင်း ကောက်ယူပြီး အစ်မယွန်းပွင့်ဖြူပြောသမျှကို လိုက်မှတ်နေလိုက်သည်။


"ဝင်သမျှဖုန်းcallတွေကို လက်ခံဖြေထား။ တစ်ခုခု အရေးကြီးတယ်ဆို အစ်မဆီ ဖုန်းလှမ်းဆက်..ရွှတ်..အခု အစ်မ သွားလိုက်ဦးမယ်။"


"အစ်မ..အစ်မကဘယ်သွားမလို့လဲ။"


လောလော လောလောနဲ့ ထွက်သွားဖို့ ပြင်နေရာမှ အစ်မယွန်းပွင့်ဖြူသည် ဆက်ဟန်ကို လှည့်ကြည့်သည်။


"ဘယ်ဆီဖြစ်ရမလဲ။ရွှတ်...ဘော့စ်ဆီလေ။ နေမှမကောင်းတာ။ သူ့ကို သွားကြည့်ပေးရမှာပေါ့..။"

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now