"Hotel Emerald မှ ကြိုဆိုပါတယ်ရှင့်.."
ဟိုတယ်တံခါးမဆီမှ ဟိုတယ်အတွင်းသို့ဝင်လိုက်သည်နှင့်ကြားလိုက်ရသောအသံကြောင့် ဆက်ဟန်အနည်းငယ်လန့်သွားသည်။ ကြည့်လိုက်တော့မြစိမ်းရောင်တူညီဝတ်စုံလေးများနှင့် မမချောချောလေးသုံးယောက်ခန့်က အပြုံးကိုယ်စီနှင့် ဦးညွတ်ပြီးကြိုဆိုကြသည်။ဒီလောက်ချောတဲ့ မမတွေကိုတွေ့လိုက်ရတာ လန့်စရာဘာအကြောင်းမှ မရှိသော်လည်း ဝန်ခံရလျှင်စိတ်နှင့်ကိုယ်နှင့်ကသိပ်မကပ်ချင်။ကိုကိုနှင့်က မနေ့ကဘဲ Internship ကိစ္စပေါ်လာလို့ ခရီးမသွားဖြစ်လောက်ဘူးဆိုတာနဲ့ဘဲရန်ထဖြစ်သွားတယ်။ တစ်ညလုံးလည်း ဖုန်းစက်ပိတ်ပစ်လိုက်ပြီး ပြန်လာချော့မလားလို့ ဝရံတာရှေ့ငုတ်တုတ်ထွက်ထိုင်စောင့်လည်း ခြေသလုံးမှာခြင်ကိုက်ဖုလေးတွေ စီရရီဖြစ်သွားတာဘဲ အဖတ်တင်တယ်။ပြန်လာမချော့။ အဲ့လိုနဲ့ဆက်ဟန် အိပ်ရာဝင်နောက်ကျပြီးဒီမနတ်ကျမှ ကုန်းရုန်းထ၊ အင်တာဗျူး အသည်းအသန်လာဖြေရတဲ့ဘဝ။ဆက်ဟန်ခေါင်းငုံ့ကာ ပြန်ပြုံးပြလိုက်ပြီး Hotel receptionဆီကိုသာဦးတည်သွားလိုက်သည်။
"ဘာများကူညီပေးရမလဲရှင့်?"
Receptionကောင်တာက အစ်မ၏အသံချိူချိုကဆက်ဟန်၏စိတ်ညစ်ညူးမူတွေကို ခဏတာဖြေဖျောက်ပေးသည်။
"ဟို..ကျွန်တော်က အင်တာဗျူးလာဖြေတဲ့သူပါ.."
"ေဩာ်..ဟုတ်ပြီ..မောင်လေး။ခဏလေးနော်..."
ဟုပြောပြီး ခုနကတံခါးပေါက်ဝနားမှာ ရပ်နေသော အစ်မတစ်ယောက်ကိုလှမ်းခေါ်လေသည်။
"အင်တာဗျူးလာဖြေတဲ့သူတဲ့..အပေါ်ထပ်ကိုတစ်ချက်ခေါ်သွားပေးလိုက်.."
သူတို့အချင်းချင်း အပြန်အလှန်ပြောနေသော စကားတွေအရ ဆက်ဟန်အပေါ်ထပ်တက်ရမည်ကိုတော့သိလိုက်သည်။ခဏကြာတော့ ထိုreceptionကောင်တာကအစ်မက
"အင်တာဗျူးကအပေါ်ထပ်မှာဖြေရမှာ..မောင်လေး..ဒီအစ်မနဲ့လိုက်သွားလိုက်နော်.."
YOU ARE READING
💕Valentine ဖူးစာ 💖 (Completed)
RomanceUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...