ဆက်ဟန် စိတ်တိုတိုနှင့် အိမ်ကိုပြန်ရောက်လာသည်။ အိမ်တံခါးကို ခေါက်လိုက်တော့ မေမေက လာဖွင့်ပေးသည်။
"သား..ကိုဆက်..ဘာဖြစ်လာတာလဲ?"
မေမေ မေးတာကို ပြန်မဖြေဖြစ်။မေမေက ဆက်ဟန် ဝင်သွားတာကို လိုက်ကြည့်နေသည်ကို ခံစားရသည်။ ဧည့်ခန်းမှာ သတင်းစာဖတ်နေတဲ့ ဖေဖေ့ကိုလည်း တွေ့တာတောင် နူတ်မဆက်ဖြစ်။ ကိုယ့်အခန်းထဲကို တန်းဝင်သွားလိုက်သည်။ဆက်ဟန်ရဲ့ခြေသံပြင်းပြင်းကြောင့်ဖေဖေကတော့ သတင်းစာဖတ်နေရင်းမှ မျက်မှန်ကိုပင့်တင်လိုက်ရင်း ဆက်ဟန်ကိုဘုကြည့်,ကြည့်သည်ကိုမျက်ဝန်းထောင့်စွန်းမှတွေ့လိုက်ရသည်။ မတတ်နိုင်။သုံးလလောက်မတွေ့ဖြစ်တဲ့ ဖေဖေနဲ့ ပြန်တွေ့တာတောင်စကားစမြည်ပြောချင်စိတ်မရှိ။အခန်းထဲရောက်ရောက်ချင်း ကုတင်ပေါ် ပစ်လှဲချလိုက်သည်။အခုချိန်မှာ တစ်ယောက်တည်းဘဲ အေးဆေးဆေးဆေး နေချင်သည်လေ။ မျက်နှာကြတ်ကို ငေးကြည့်ရင်း လေပူတစ်ခုကို မူတ်ထုတ်လိုက်သည်။ပြတ်သွားလည်းအေးတာဘဲ။ယောကျင်္ားတွေ အရမ်းအာရုံနောက်တယ်။ဟိုဟာမလုပ်ရဘူး။ဒီဟာမလုပ်ရဘူးနဲ့။ဆက်ဟန်က ကလေးလည်းမဟုတ်တော့ဘူး။စိတ်ပေါက်ပေါက်နဲ့ တွေးနေရင်းရေငတ်လာလို့ ကုတင်ဘေးခုံပေါ်ကို လက်လှမ်းလိုက်တော့လက်ထဲပါလာတဲ့ရေဘူးမှာ ရေကဗလာနတ္ထိ။ဒီနေ့တစ်နေ့လုံးအဆင်မပြေပါလား ?ဆက်ဟန် လှဲနေရာကနေ ကုန်းရုန်းထထိုင်ပြီး ရေသန့်ဘူးထဲ ရေဖြည့်ဖို့ အခန်းထဲကထွက်လာလိုက်သည်။
"အမေကြီး,မင်းသား ကိုဆက် ခြေလှမ်းတွေ ပျက်နေတာလား?"
ကိုယ့်နာမည်ကို ကြားလိုက်ရသည်မို့ ဆက်ဟန် ချက်ချင်းနံရံကိုပြေးကပ်ပြီး နားထောင်သည်။ ဆက်ဟန်ရဲ့ အခန်းကဧည့်ခန်းနှင့် ကပ်လျက်မို့ အကွယ်နားလေးကနေ ခန်းစီးစလေးကို အသာလှစ်ပြီး ချောင်းကြည့်လိုက်တော့ ဖေဖေနှင့် မေမေက ဆက်ဟန်အကြောင်း ပွစိပွစိပြောနေကြသည်။
"မသိပါဘူး။ အဖေကြီးရယ်။ တလောကတော့ သူ့ကောင်မလေး ယောကျင်္ားရသွားလို့ ဆိုပြီး တငိုငိုတရယ်ရယ်ဖြစ်နေသေးတယ်။ အခုတလောကတော့ ဖလန်းဖလန်းကိုထနေတာဘဲ။ ဒီနေ့မှ ဘာအလိုမကျလာတာလဲမသိဘူး။"
YOU ARE READING
💕Valentine ဖူးစာ 💖 (Completed)
RomanceUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...