Part-2 ဒုတိယအကြိမ်မြောက်တွေ့ဆုံရာမှ (Unicode)

7.3K 680 20
                                    


ကားပေါ် တက်လိုက်သည်နှင့် ဝေါခနဲပြိုဆင်းလာသည့်မျက်ရည်တွေ။ရိပ်နေ လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီး ကားကိုစက်နိူးလိုက်သည်..။အဲ့လိုလူမျိုးအတွက် ခံစားပေးနေစရာ ဘာအကြောင်းမှ မရှိဘူး!!ရိပ်ခနဲရိပ်ခနဲ ပြေးသွားသည့် ပတ်ဝန်းကျင်က ပုံရိပ်တွေ..။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဘယ်နှစ်ခုကို ချိုးဖောက် ခဲ့ပြီမှန်း ရိပ်နေမသိတော့...။ ရိပ်နေ၏လက်တစ်ဖက်မှာကဘီယာဘူး။


"တောက်!လုပ်ရက်တာကွာ..."


ရိပ်နေ ကြိတ်မနိုင်ခဲမရ ရေရွတ်မိသည်။ လူကနည်းနည်းလည်းရီဝေဝေဖြစ်ချင်လာပြီ ။ နောက်ကြည့်မှန်ကို ကြည့် လိုက်မိတော့ ရိပ်နေရဲ့ မျက်လုံးအတွင်းသားတွေက ရဲ တက်နေပြီ..။မျက်ရည်တွေကအခုထိတိုင်စီးကျနေဆဲ..။ကိုနဲ့အဲ့မိန်းမပုံရိပ်ကိုပြန်မြင်ယောင်လို်က်မိတော့..


"ဥပဒေသာမရှိရင်ဒင်းတို့နှစ်ကောင်လုံးကိုနေရာမှာတင်ပွဲချင်းပြီးအသေသတ်တယ်..!!!"


ရိပ်နေ အံကိုကြိတ်ရင်း တစ်ယောက်တည်း ကြိမ်းဝါးနေမိ သည်။လက်မပါခဲ့ရတော့ လူကနည်းနည်းလေးမှ နေသာ ထိုင်သာမရှိ...။ ရင်ထဲစုပုံလာတဲ့ အစိုင်အခဲတွေကို ဖွင့်အန် ချတဲ့အနေနဲ့ ကားစတီယာရင်ကိုအကြောင်းမဲ့ တဝုန်းဝုန်း ထုရိုက်နေမိသည်..။


"ဝုန်း..!ဝုန်း...!ဝုန်း..!"


"ဘုန်း.!!!"


အကျင့်ပါနေပြီဖြစ်သောခြေထောက်ကဘရိတ်ကိုဖမ်းနင်းပစ်လိုက်တော့ကားကတုံ့ခနဲထိုးရပ်သွားသည်..။အမူးလည်းနည်းနည်းပြေချင်သလိုလိုဖြစ်သွားသည်..။


"ဘယ်ခွေးမသားငါ့ကားကိုဝင်တိုက်တာလဲကွ..!!!"


လက်ကျန်အမူးရှိန်လေးနဲ့ အော်ဆဲရင်း ရိပ်နေ ကားပေါ်က ယိုင်ထိုးထိုးဆင်းချလာသည်..။ သွားကြည့်လိုက်တော့ ကားရှေ့မှာခွေရက်လေး လဲကျနေတဲ့ ကောင်လေးတစ် ယောက်..။ လက်ကျန်အမူးရှိန်လေးတွေအကုန် ကြက် ပျောက်ငှက်ပျောက်..။ရိပ်နေကမန်းကတန်းငုတ်တုတ်ထိုင်ချလိုက်ပြီး

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now