Part-24 (Unicode)

6.5K 481 20
                                    

"မေမေ။"


"အင်း။သား..။"


"ထမင်းထပ်ထည့်ပေးဦး။"


ဒေါ်စန္ဒာမေမျက်လုံးပြူးသွားသည်။ ဒီတစ်ပွဲသည် ဆက်ဟန်၏ ငါးကြိမ်မြောက် ထမင်းလိုက်ပွဲတောင်းခြင်း။ ထမင်းပေါင်းအိုးထဲကြည့်လိုက်တော့ ထမင်းလေးလုံးချက်က ဒီတစ်ပန်းကန် ခူးထည့်ပေးလိုက်လျှင် တက်တက်ပြောင်လေပြီ။ ဒီကောင်လေးဟုတ်ရော ဟုတ်သေးရဲ့လား။ ဖုတ်များ ဝင်နေသလားဘဲ။ နေ့လည်က ထမင်းဘူးထဲက ထမင်းကလည်း တစ်စေ့တောင်မကျန်ဘဲ တက်တက်ပြောင်။ ဒေါ်စန္ဒာမေ တုံ့ဆိုင်းနေတော့ ဆက်ဟန်က ၀ိုင်းစက်စက် မျက်လုံးနှင့် လှည့်ကြည့်လာလေသည်။ ဒေါ်စန္ဒာမေ သားဖြစ်သူလက်က ထမင်းပန်းကို ယူလိုက်ပြီး ပေါင်းအိုးထဲက လက်ကျန်ထမင်းကို ခူးခပ်ထည့်ပေးလိုက်လေသည်။


"စားလှချည်လား။သားရယ်။"


မေမေ့စကားကြောင့် ဆက်ဟန် ဖုန်းကြည့်နေရာမှ မော့ကြည့်လိုက်သည်။ ဆက်ဟန်ရှေ့မှာတော့ ထမင်းထည့်ထားတဲ့ ထမင်းပန်းကန်က ပြန်ရောက်နေလေပြီ။ ထမင်းမြင်တာနဲ့မေမေ မေးတာကို ချက်ချင်းပြန်မဖြေနိုင်ဘဲ ထမင်းကိုသာ အရင် ကုန်းရုန်းစားလေသည်။ အားရှိနေမှ ဖြစ်မယ်။ ကိုကိုနဲ့တွေ့ရမှာ အားရှိနေမှ ဖြစ်မယ်။


"ဒီနေ့ မေမေဟင်းချက်တာ အရမ်းကောင်းတော့ ထမင်းစားဝင်နေတာ။ဟီး။"


ပါးနှစ်ဖက် အပြည့်ထိုးကြိတ်သိပ်ထားတဲ့ ထမင်းပလုတ်ပလောင်းနဲ့ ဆက်ဟန်က ဒေါ်စန္ဒာမေကို လှမ်းပြောနေလေသည်။ အဲ့လိုပြောတော့လည်း ဒေါ်စန္ဒာမေ ပြုံးမိရပြန်သည်။ သူထမင်းကောင်းကောင်းမစားတာ အတော်ကြာပြီ မဟူတ်လား။ ဖုတ်ဝင်နေရင် ဝင်နေပစေတော့။ သူဗိုက်ပြည့်နေရင် ပြီးတာဘဲ။


"ဒါနဲ့ ကျွန်တော် အိမ်စည့်ဆီက အကြောပြင်ဆရာတစ်ယောက်ရဲ့ အဆက်အသွယ်ရလာတယ်။"


"ဟင်။ ဘာ အကြောပြင်ဆရာလဲ။"


💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now