"ဟိုကောင်လေးရော။"
ဟိုတယ်ထဲသို့ ဝင်လာရင်းမှ ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေသော Bell Boyများကို ဝေ့ကြည့်လိုက်ရင်းမြင့်မိုရ်ဘုန်းပိုင် ဘေးနားမှ အတွင်းရေးမှူးမလေး ယွန်းပွင့်ဖြူကို မေးလိုက်သည်။
"ဘော့စ်လည်းနော် ကြည့်မရဘူး။ ကြည့်မရဘူးနဲ့။ လာတာနဲ့ကို တန်းမေးတော့....။"
လည်ပြန်ကြည့်လာသော မြင့်မိုရ်ဘုန်းပိုင်၏ အကြည့်တစ်ချက်အောက် ယွန်းပွင့်ဖြူ ငြိမ်ကုတ်သွားသည်။ အလိုလိုထွက်လာသော စကားလုံးတို့ကို အရှိန်သပ်သည့်အနေနဲ့ လျှာကိိုဖိကိုက်လိုက်ရသည်။
"ငါ့ဟိုတယ်က Internshipသမား အလုပ်ချိန်မှာ ပျောက်နေလို့ မေးတာ ဘာထူးဆန်းလို့လဲ။"
"ဘာမှမထူးဆန်းပါဘူး။ ဘော့စ်။အဟမ့်.."
ခပ်သွက်သွက်ပြန်ဖြေရင်း ယွန်းပွင့်ဖြူ တံတွေးကို မြိုချလိုက်မိသည်။ အမှန်တရားသည် လူတွေရှေ့ထုတ်ပြောလို့ သိပ်မကောင်း။ အထူးသဖြင့် ဘော့စ်လိုလူမျိုးရှေ့။
"မထူးဆန်းရင် အပြောအဆို ဆင်ခြင်။"
ယွန်းပွင့်ဖြူ ခေါင်းညိမ့်ပြလိုက်တော့ ဘော့စ်သည် ဘာမှထပ်မပြောတော့။ ဓာတ်လှေကားဆီသို့ ဦးတည်ပြီး ထွက်သွားသည်။ဘော့စ်ဆီမှာ သုံးနှစ်တာ အလုပ်လုပ်ခဲ့သော အတွေ့အကြုံအရ ယွန်းပွင့်ဖြူသည် အရိပ်မြင်လျှင် အကောင်ကို မြင်သည်။ ကိုရိပ်နေနှင့်တုန်းဘဲ ယွန်းပွင့်ဖြူဘဲ စုံစမ်းဆက်သွယ်ပေးခဲ့တာ ဖြစ်သည်။ တည့်ကြီး အောင်သွယ်ပေးခဲ့တာ မဟုတ်ပေမယ့် နောက်ကွယ်ကနေ ဒိုင်လျိှုလေး ကူညီပေးတာပေါ့။ယခုတစ်ခါလည်း ယွန်းပွင့်ဖြူသည် အလိုက်သိစွာဖြင့် စီတန်းရပ်နေသော ကောင်လေးတွေဆီ လျှောက်သွားလိုက်သည်။
YOU ARE READING
💕Valentine ဖူးစာ 💖 (Completed)
RomanceUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...