Part-21 (Unicode)

3.7K 356 5
                                    


"တီ..တီ..တီ..."


"ရှင်..ဟုတ်."


"ဟုတ်ကဲ့..ဟုတ်ကဲ့..တောင်းပန်ပါတယ်ရှင်။ ကျွန်မတို့ တစ်ချက် ပြန်စစ်ကြည့်ပြီး အကြောင်းပြန်ပေးပါ့မယ်။"


ဖုန်းကို ဂွက်ခနဲ ကောက်ချပစ်လိုက်ပြီး တခဏအတွင်းမှာဘဲ ယွန်းပွင့်ဖြူ ယောက်ယက်ခတ် သွားသည်။ Meetingကို ရောက်မလာတဲ့အတွက် လှမ်းပြီးဆက်တဲ့ ဖုန်းဖြစ်လို့နေသည်။ ပြီးတော့ မနတ်ဖြန်မှလုပ်မယ့်အစည်းအဝေးက ဒီနေ့နေ့လည်ကို ရွေ့သွားတဲ့အကြောင်းကို မနတ်ကတည်းက ဖုန်းဆက်အကြောင်းကြားပြီးသားတဲ့။ ဒါဆို..ဆက်ဟန်ထိုင်နေတဲ့ခုံဘက်ကို ယွန်းပွင့်ဖြူလှမ်းပြီး မျက်စောင်းထိုးကြည့်လိုက်သည်။ ဆက်ဟန်က မလူပ်မရှက် ငူငူကြီးထိုင်နေလေသည်။ ဒီကောင်လေးကတော့ မနတ်ကတည်းက ဘာဖြစ်နေမှန်း မသိဘူး..သူ့ကို အရင်ဆူဖို့ထက် လတ်တလော ပြသနာက အရင်ဖြေရှင်းရမှာမို့ ယွန်းပွင့်ဖြူ ဘော့စ်ရုံးခန်းကို တန်းနေအောင် ပြေးရသည်။


"ဘော့စ်..ဘော့စ်.."


လောလော လောလောနဲ့ ပြေးဝင်လာတဲ့ ယွန်းပွင့်ဖြူကို မြင့်မိုရ်ဘုန်းပိုင် မျက်မှောင်တစ်ချက် ကုတ်ကြည့်သည်။


"ဟိုတယ်မှာ ကြော်ငြာရိုက်ဖို့ ကိစ္စ AGT Entertainmentနဲ့ အစည်းအဝေးက အခုစနေပြီတဲ့။"


"အဲ့တာ မနတ်ဖြန်မှမဟုတ်ဘူးလား။"


မြင့်မိုရ်ဘုန်းပိုင် ချက်ချင်းခေါင်းထောင်ထလာသည်။ ဘော့စ်က သူ့ဟာသူ ပွေချင်ပွေ ရှုပ်ချင်ရှုပ်မယ်။ အလုပ်ကိစ္စဆို အမှားအယွင်း ခံတဲ့သူမဟုတ်။


"ဘယ်လိုဖြစ်ရတာလဲ။ သူတို့ဘက်က ကြိုမပြောဘူးလား။"


ပြောနေရင်းနှင့်ပင် ဘော့စ်လေသံက တင်းလာလေပြီ။


"မနတ်ကတည်းက အကြောင်းကြားထားတယ်။ ဘော့စ်..ဒါပေမယ့်.."

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now