"......"
ဆက်ဟန်စာမေးပွဲအတွက် notesထုတ်နေတုန်းဖုန်းကထမြည်လာလေသည်။သီးသန့်Ringtoneသံကြောင့်ဘယ်သူ့ဆီကလဲဆိုတာမပြောဘဲနှင့်သိသည်မို့စာရေးနေရင်းနှင့်ပင်ဖုန်းဆီလက်လှမ်းလိုက်သည်။
"ပြော..ဘာလဲ?"
ဖုန်းကိုနားရွက်နှင့်ပုခုံးကြားညှပ်ရင်းနှင့်ပင်စာဆက်ရေးနေမိသည်။
"အခုအိမ်အောက်ဆင်းလာခဲ့.."
"ဘာ..ဘာလို့.."
လန့်သွားတာများရေးလက်စဘောပင်လေးတောင် ဆက်ဟန်လက်ထဲက ပြုတ်ကျသည်။
"အိမ်အောက်ဆင်းလာလို့ပြောတာလေ.."
"ကျွန်တော်ကဘာလို့အိမ်အောက်ဆင်း..."
ဆက်ဟန်စာဆက်မရေးနိုင်တော့။သူ့ကိုမေးနေရင်းနှင့်ပင်ဝရံတာကိုအပြေးထွက်ကြည့်လိုက်တော့ သူ့ကားပြာလေးနားမှာရပ်ရင်းလက်လှမ်းပြလေတဲ့သူ။
"ခင်ဗျားကိုကျွန်တော်ဘာမှမကောက်ထားဘူးလေ..ဘာလာလုပ်တာလဲ?"
"ချော့တဲ့အချိန်တစ်ချက်ဘဲငါကမင်းကိုတွေ့ချင်တာမှမဟုတ်တာ!"
ဒုက္ခပါဘဲ...။ချက်ချင်းဆင်းမလာပြန်ရင်လည်းစိတ်လက်တစ်ဆစ်သာရှိတဲ့သူက..
"ကြာကြာမပြောချင်ဘူး!မင်းလာမလား!ငါတက်ခေါ်ရမလား?!"
တွေးနေတာကမှနှေးဦးမည်။ လူကရှည်သလောက် စိတ်ကမရှည်တဲ့ထိုလူလေသံကတင်းချင်သလိုလိုဖြစ်နေပြီ။
"လာပြီ။ လာပြီ။ ခဏလေး.."
ဆက်ဟန် ပြန်ဖြေလိုက်ပြီး ဖုန်းချလိုက်သည်။ အောက်ခဏ ဆင်းသွားတွေ့လိုက်မယ်။ ပြီးရင် ချော့မော့ပြီးဘဲဖြစ်ဖြစ်ပွဲကြမ်းပြီးဘဲဖြစ်ဖြစ် ပြန်လွှတ်သင့်လွှတ်ရမယ်။ စာမေးပွဲတွင်းလေးတောင် လူကိုစိတ်အေးအေးချမ်းသာနေခွင့်မပေးဘူး။
YOU ARE READING
💕Valentine ဖူးစာ 💖 (Completed)
RomanceUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...