".........."
ကြွေBathtubထဲ ရေစိမ်နေသည့်အချိန် ဖုန်းသံကထမြည်သည်မို့ ရိပ်နေခေါင်းထောင်ထပြီး ကြည့်လိုက်သည်။ သီးသန့်လေးထည့်ပေးထားတဲ့ lego house သီချင်းမဟုတ်တာမို့ ဟိုကောင်လေးဆီက မဖြစ်နိုင်။ ရိပ်နေဖုန်းကို လှမ်းယူလိုက်တော့ ဖုန်းနံပါတ်စိမ်းတစ်ခု..။ Contact Listထဲမှာမရှိ..။
"shit..feelပျက်တယ်ကွာ.."
ဟိုကောင်လေးဆီက ဖုန်းမဟုတ်မှန်းသိလိုက်ကတည်းက စိတ်ကမကြည်ချင်တော့ပေ။ ဖုန်းချပစ်လိုက်ဖို့ကျပြန်တော့ ဆိုင်က အရေးကြီးကိစ္စဖြစ်နိုင်သည်မို့ ဖုန်းကိုင်လိုက်သည်။
"ဟဲလို..."
"ရိပ်လေး..."
"ကျစ်စ်!"
နူတ်မှခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ ဒီအီစီကလီနာမ်စားကို သုံးသောကောင် တစ်လောကလုံးမှာ တစ်ယောက်ဘဲရှိသည်။
"ပြော..ဘာကိစ္စလဲ.."
ရိပ်နေBathtubထဲက ထထွက်လိုက်ရင်း ဘေးမှာအဆင်သင့် ချိတ်ထားတဲ့ bathrobeကို လှမ်းယူကာ ခါးမှာပတ်လိုက်သည်။
"ကိစ္စရှိမှဆက်ရမှာလား..ရိပ်လေးရာ.."
ဒီဘဲကြီးတော်တော် မျက်နှာပြောင် တိုက်တာဘဲ...ကိစ္စရှိမှဆက်ရတာ မဆက်ရတာထက် ရိပ်နေနဲ့ သူနဲ့ကဘာမှမဆိုင်တော့ဘူးလေ..ဘာကိစ္စမှရှိစရာ အကြောင်းမရှိတော့ဘူး..
"မရှိတဲ့ကိစ္စကိုပြောရရင်တော့ရိပ်လေးကိုလွမ်းလို့ပေါ့.."
ဆက်ပြောလာတဲ့စကားလုံးတချို့အောက်မှရေစိုနေတဲ့ဆံပင်တွေကို လက်ချောင်းတွေနှင့် တစ်ချက် ခါထုတ်လိုက်ပြီး ရိပ်နေ ဟက်ခနဲရယ်လိုက်မိသည်။တတ်လည်းတတ်နိုင်ပါ့လား?
"ဟက်..ဘာလဲ..ခင်ဗျားနဲ့ဟိုခွေးမရဲ့ ခွေးဇာတ်လမ်းက ပြီးသွားပြီလား.."
YOU ARE READING
💕Valentine ဖူးစာ 💖 (Completed)
RomanceUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...