Part-8 (Unicode)

5.6K 483 4
                                    

"ဒါဘာကြီးလဲ..!!!"


ဆက်ဟန်ရဲ့ကုန်းအော်တဲ့အသံကြောင့် အိမ်စည်သောက်လက်စအအေးပင် သီးသွားရသည်။လှည့်ကြည့်လိုက်တော့ အိမ်စည့်ကိုမျက်လုံးအပြူးသားနှင့် ကြည့်နေသည့်ဆက်ဟန်။ ပြီးတော့သူ့လက်ထဲအိမ်စည်ထိုးထည့်ပေးခဲ့တဲ့စာရွက်ကို အပြန်ပြန်အလှန်လှန်ဖတ်နေသည်။


"နင်ရောက်နေတာLotteriaနော်..ကိုဆက်..ငါးစိမ်းတန်းမဟုတ်ဘူး..."


အိမ်စည်မျက်နှာပူပူနဲ့ ဘေးဘက်ခုံတွေမှာထိုင်နေတဲ့လူကို သွားအဖြဲသားနှင့်ပြုံးပြပြီး ဆက်ဟန်အနားကပ်ကာ မသိမသာနဲ့ကြိတ်မာန်မဲလိုက်သည်။ဆက်ဟန်က စာရွက်ဖင်တပြန်ခေါင်းတပြန်ဖတ်နေရင်းမှအိမ်စည့်ကိုပြန်မော့ကြည့်ပြီး


"ဒါဘာကြီးလဲလို့...!"


"Internship formလေ ..ဒီအပေါ်မှာရေးထားတာမမြင်ဘူးလား!"


စာရွက်ရဲ့အပေါ်ပိုင်းခေါင်းစဉ်တပ်ထားတဲ့နေရာကို လက်ညိုးနဲ့ထောက်ပြပြီး အိမ်စည်ပြောလိုက်သည်။


"Internship formမှန်းတော့ငါသိတာပေါ့..။ဒါပေမယ့်..."


"အေး..အလုပ်သင်ဆင်းမှDiplomaရမယ်တဲ့.ရှင်းလား"


ဆက်ဟန်ရဲ့ စကားမဆုံးခင်မှာပင် အိမ်စည်ဖြတ်ပြောလိုက်သည်။ ဆက်ဟန်ဒီလောက်အလန့်တကြားထအော်ကတည်းက ဘာကိုဆက်ပြောမယ်ဆိုတာသိပြီးသားလေ။ အိမ်စည်ကိုယ်တိုင်လည်း အံ့ဩခဲ့တာဘဲ။


"အမ်..ဘယ်လိုဖြစ်ရတာလဲ..စာမေးပွဲဖြေပြီးလို့အောင်ရင် Diplomaရပြီမဟုတ်ဘူးလား..ငါတို့batchကျမှ..."


ဆက်ဟန်မျက်နှာလေးစူပုပ်ရင်းပြောမိသည်။ မဆင်းချင်တာက တခြားကိစ္စရယ်လို့တော့မဟုတ်ပါ။ အလုပ်သင်ဆင်းရမယ့်လက ကိုနဲ့ ခရီးရှည်ထွက်မည်ဟု စီစဉ်ထားသောလဖြစ်နေသည်။


"ဆင်းဆိုတော့လည်းဆင်းလိုက်ပေါ့ဟယ်..တစ်လလေးဘဲကို..အတွေ့အကြုံလည်းရတာပေါ့။သူတို့သဘောကျရင်တစ်ခါတည်းတောင်ခေါ်ခန့်လိုက်ဦးမယ်.."

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now