ဆက်ဟန်မှာ အလုပ်စဆင်းကတည်းက နာရီကိုတကြည့်ကြည့်။ ၅နာရီက အခုထိ မထိုးနိုင်။ နာရီလက်တံတွေကလည်း ဒီနေ့မှ ကိုရွှေလိပ် ပိုလီယိုဆွဲနည်းအတိုင်း သွားနေပြီး အချိန်တွေက အင်မတန်ကို အကုန်နှေးလွန်းနေသည်ဟု ခံစားနေရသည်။ဆက်ဟန် နံရံပေါ်က နာရီဆီမှ အကြည့်လွှဲကာ သက်ပြင်းလေး ချလိုက်သည်။ ညောင်းချိနေတဲ့ ခြေထောက်ကြောင့် လူက မတ်မတ်မရပ်နိုင်။ ခါးကခပ်ကိုင်းကိုင်းဖြစ်နေသည်။ဒီနေ့တစ်နေ့လုံး ထိုင်ရသည်ဟူ၍ မရှိသေး။ထိုင်လည်း ထိုင်ခွင့်မရှိ။ ဆက်မရပ်နိုင်လောက်အောင် ခြေထောက်တွေ ညောင်းကိုက်လာမှ အိမ်သာသွားသလိုနှင့် အိမ်သာထဲ သွားထိုင်ရသည်။ ဒါတောင် ၁ဝမိနစ်ထက်ပိုလို့မရ။ ပိုတာနဲ့ ကိုကို့ex၏ အတွင်းရေးမှူးမမချောချောက နှစ်ကိုယ်ကြားတီးတိုး မှာကြားထားခဲ့သော အစ်ကိုက ဆက်ဟန်နောက် ချက်ချင်းလိုက်လာသည်။
"ဆက်ဟန်။ အပြင်မှာ အထုတ်တွေ သွားသယ်ပေးလိုက်ဦး။"
အသံကျယ်ကျယ်တစ်ခုက ဆက်ဟန်၏ အတွေးအာရုံကို လူပ်နိူးလိုက်သည်။
"ဟုတ်။ ဟုတ်။ "
ကပျာကယာ ပြန်ထူးလိုက်ပြီး ချက်ချင်းပင် အပြင်ဘက်သို့ ဆက်ဟန် အပြေးထွက်သွားသည်။ အပြင်မှာ ရပ်ထားသော တက္ကစီ တစ်စီး။ဆက်ဟန် ကားနောက်ဖုံးကို သွက်သွက်လက်လက်ပင် ဖွင့်လိုက်ပြီး အတွင်းက အထုတ်အပိုးတွေကို ဆွဲချလိုက်သည်။ တဆက်တည်းမှာပင် ဆက်ဟန်၏ မျက်နှာသည် ခရမ်းသီးမီးဖုတ်နှယ် ရူံ့တွလို့ သွားသည်။
"အ..လေးလိုက်တာ။"
"Are you ok?"
ဆက်ဟန်ပါးစပ်မှ မရည်ရွယ်ဘဲ ထွက်လာသော စကားက ကားပေါ်မှ ဆင်းလာသော နိုင်ငံခြားသူ အဒေါ်ကြီးက ဆက်ဟန်ကို လှည့်ကြည့်ပြီး မေးသည်။
YOU ARE READING
💕Valentine ဖူးစာ 💖 (Completed)
RomanceUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...