"အင်း....."
ခေါင်းရင်းက ပြတင်းပေါက်ဆီမှ တိုးဝင်လာတဲ့ နေရောင်ခြည်က မျက်နှာပေါ်ကျလာတော့ ရိပ်နေ လူးလွန့်ပြီး နိုးလာသည်။ မျက်လုံးကို လက်နှင့် တစ်ချက်နှစ်ချက် ပွတ်လိုက်ပြီး ထထိုင်လိုက်သည်။
"အ..."
မနေ့ညက ထိုးခံထားရတဲ့ ပါးစောင်က ဒဏ်ရာကပြန်ထိုးအောင့်လာတော့ လက်နှင့်အသာဖိမိလိုက်သည်။
"အင်း...အဲ့..."
တအင်းအင်း တအဲ့အဲ့ ညည်းသံလေးကြောင့် ဘေးကိုကြည့်လိုက်မိတော့ အိမ်မူံစုံမွှားရူံ့မဲ့နေတဲ့ မျက်နှာလေး နဲ့ ဟိုလိမ့်ဒီလိမ့်လုပ်နေတဲ့ ဘေ ဘီလေးဟန်။သူ့မျက်နှာပေါ်နေထိုးလာလို့ ညည်းညူနေခြင်း။ခေါင်းရင်းပြတင်းပေါက် နေကာကို ရိပ်နေ ဆွဲချပစ်လိုက်တော့မှ စောင်ပုံထဲမြုပ်နေအောင် ပြန်ကွေးအိပ်သွားလေသည်။သူ့ပုံစံလေးကို ကြည့်ပြီး အသည်းယားလွန်းလို့ ငုံ့ပြီး ပါးပြင်ကိုဖွဖွလေးဖိနမ်းလိုက်သည်။ အတင်းကာရော ကြမ်းကြမ်းဖက်မနမ်းရဲ။ မနေ့ကဘဲ ဘေ ဘီလေးရဲ့ပါးက ဘဲအိုကြီး ထိုးတာခံထားရတာနဲ့ အယောင်က မကျချင်သေး။အနောက်ကနေအသာလေး သိုင်းဖက် ထားပြီး ပါးမို့မို့လေးပေါ်ကို အနမ်းတွေတစ်ချက်ချင်းစီ ခြွေနေမိသည်။ ကုတင်ပေါ်တင်ထားတဲ့ လက်ဖောင်းဖောင်းလေးကို လည်း ဆုပ်ကိုင်ထားမိသည်။ မျက်ခွံမို့မို့လေးတွေ ကျုံ့သွားကာမှ သိုင်းဖက်ထားရာမှ ပြန်လွှတ်ပေးလိုက်သည်။သူအိပ်ရေးမဝဘဲ နိုးလာမှ စိုးရိမ်ရသည်လေ။
💕
တရှဲရှဲ မြည်သံတွေကြောင့် ဆက်ဟန် အိပ်ပျော်နေရာမှ လန့့်နိုးလာသည်။ နိုးနိုးချင်း ဘေးကို ကြည့်လိုက်တော့ဟမ်..ကိုကိုလည်းမရှိတော့ဘူး။ကုတင်ပေါ်ကနေ ဆက်ဟန်သုတ်ခနဲ ပြေးဆင်းသည်။ ဒီအချိန်မနတ်ပိုင်းဆို ကိုကိုရှိနေမယ့်နေရာက မီးဖိုချောင်။မီးဖိုချောင်ထဲ ဝင်လိုက်တော့ ထင်ထားတဲ့အတိုင်း ကြော်လှော်ချက်ပြုတ်နေတဲ့ ကိုရိပ်နေ။အရင်ကဆို ဆက်ဟန်တို့အကြီးအကျယ် ဂုဏ်ဆာမိမှာဘဲ။ ငါ့ယောကျင်္ားက ငါ့အတွက် မနတ်စာ ပြင်ပေးတယ် ဘာညာနဲ့။ ဒါပေမယ့် အခုဂုဏ်ဆာလို့ရတာ ကို အသာထား။ အဲ့ထက်စိတ်ပူစရာကရှိသေးတယ်။
YOU ARE READING
💕Valentine ဖူးစာ 💖 (Completed)
RomanceUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...