Part-5 မင်းရဲ့စိတ်နဲ့🎶 (Unicode)

6.1K 616 11
                                    

ဘတ်စ်ကား မှတ်တိုင်ကနေ ထွက်ခွာတော့မည့်ဟန်ပြင်နေတဲ့ ဘတ်စ်ကားပေါ်ကို ဆက်ဟန်အပြေးတက်လိုက်သည်..။ ဘတ်စ်ကားပုံးထဲ ငွေထည့်တော့ ဒရိုင်ဘာက ဆက်ဟန်ကို တစ်ချက် လှည့်ကြည့်သည်။အင်း..ဘတ်စ်ကားထွက်တော့မှ အတင်းကာရော ပြေးတက်သည့် ကောင်လေးကို ဘယ်ဒရိုင်ဘာမှ ကြည်မည်မဟုတ်..ဘာမှမပြောတာဘဲ ကျေးဇူးတင်ရမည်။ကားကညိမ့်ခနဲ ထွက်သွားသည်နှင့် ဆက်ဟန် ဘတ်စ်ကားအတွင်းပိုင်းကို ဝင်သွားလိုက်သည်။အနောက်ဆုံးတန်းရဲ့ ညာဘက်ထောင့်စွန်းခုံမှာ ဆက်ဟန် ထိုင်ချလိုက်သည်။ ကားပေါ်မှာ လူရှင်းနေခြင်းက ဆက်ဟန်ရဲ့နာကျင်မူကိုမျက်ရည်တွေအဖြစ် သွန်ထုတ်ဖို့ အခွင့်အရေး တစ်ရပ်လိုဖြစ်သွားသည်။ပေါက်ခနဲ လိမ့်ဆင်းလာတဲ့ မျက်ရည်တစ်စက်ကို လက်ဖျံနဲ့ ခပ်ကြမ်းကြမ်း သုတ်ပစ်ချလိုက်သည်..။ငိုစရာမှမဟုတ်တာ..မငိုနဲ့!ဆက်ဟန်..မင်းမငိုနဲ့..!လူတစ်ကိုယ်လုံးလည်း ပါသွားပြီးပြီ.. နူတ်ခမ်းလေး ထပ်ပါသွားလို့ ဘာမှထပ်ပွန်းပဲ့သွားတာမှမဟုတ်တာ..ဒါပေမယ့် နာကျင်ရတဲ့အကြောင်းပြချက်က ရုပ်ဝတ္ထုပိုင်းဆိုင်ရာ နစ်နာသည်ထက် နှလုံးသားပိုင်းဆီက နာကျင်ရသည်ကို သတိထားမိလိုက်တော့ ဝင်ရောက်ကြီးစိုးလာတဲ့ ကယောက်ကယက်အတွေးတွေ လွင့်သွားလိုလွင့်သွားညား ဆက်ဟန် ခေါင်းကိုခါယမ်း ပစ်လိုက်ပြီး ကားမှန်အပြင်ဘက်ကို ငေးကြည့်နေလိုက်သည်။ဖြတ်သွားဖြတ်လာ လူတချို့၊ ဘတ်စ်ကားဂိတ်မှာ ရပ်စောင့်နေသေးတဲ့လူတွေ တိုက်တာအဆောက်အအုံတွေ အားလုံးဟာ အမြင်အာရုံထဲမှာ ဝေဝါးလို့လာသည်။ပါးပြင်တလျှောက်ခံစားလိုက်ရတဲ့ ပူနွေးစိုစွတ်မူတချို့။အဲ့လိုလူမျိုး..သူ့ဆီက..ဘာတွေများမျှော်လင့်နေမိသေးတာလဲ....တရားမဝင်တဲ့စာချုပ်တစ်ခုရယ် သွေးသားချင်းနှီးနှောခဲ့တဲ့ ညတစ်ညရယ်..ဒီထက်ဘာမှမပိုခဲ့တာဘဲ..အလိုက်ကန်းဆိုးမသိတဲ့မျက်ရည်တွေကထပ်မံစီးဆင်းလာလေသည်..။ဟာ..ဘတ်စ်ကားပေါ်မှာဆို နေမှ..!ရှေ့ခုံမှာထိုင်နေတဲ့ အဒေါ်ကြီးက ဆက်ဟန်ရဲ့ရိူက်သံကြောင့် နောက်ကိုလှည့်ကြည့်လာလေတော့ ဆက်ဟန်ခေါင်းငုံ့ပြီး မျက်ရည်တွေကို ဖိသုတ်ပစ်လိုက်သည်..။ ထိုအဒေါ်ကြီးသည် ဆက်ဟန်ကို စူးစမ်းသလို ခဏသာကြည့်ပြီး အရှေ့ကို ပြန်လှည့်သွားလေသည်။

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now