Part-18 (Unicode)

4K 374 25
                                    


"ရွှတ်..ရွှတ်..."


ယွန်းပွင့်ဖြူ ရုံးရောက်ကတည်းက နှာခေါင်းတရှူံ့ရှူံ့။ မနေ့က အိမ်မှာ ဝဝလင်လင်နားလိုက်ရလို့ အဖျားကတော့ သက်သာသွားပြီ။ သို့သော် နှာစေးတာက မပျောက်ချင်သေး။ သို့သော်ညားလည်း အလုပ်တွေက တပုံတပင် ကျန်နေသေးတာကြောင့် အလုပ်လာရသည်သာ။


"ဘုန်း..!"


ဘေးကနေ ထွက်ပေါ်လာသော အသံကြောင့် ယွန်းပွင့်ဖြူ လှည့်ကြည့်လိုက်သည်။ စားပွဲပေါ် သူ့အိတ်ကို ပစ်တင်ပြီး ငူငူကြီး ရပ်နေတဲ့ ဆက်ဟန်။


"မောင်လေး.."


ယွန်းပွင့်ဖြူ ခေါ်တာကို သတိမပြုမိသလား ဘာလားတော့ မသိပါ။ ငူငူကြီး ရပ်နေရင်းမှ သူ့ထိုင်ခုံပေါ် သူဝင်ထိုင်သည်။ အဲ့တော့မှ သတိထားမိလိုက်တာက ဆက်ဟန်မျက်လုံးက ရောင်ကိုင်းမို့အစ်နေသည်။


"မောင်လေး.."


"ဟင်..အစ်မ.."


သူ့ဆံပင်တွေကို သပ်တင်နေရင်းမှ ယွန်းပွင့်ဖြူ ကို မော့ကြည့်လာသည်။


"နေရောကောင်းရဲ့လား။"


"ကောင်းတယ်။ အစ်မ။ ဘာမှမဖြစ်ဘူး "


အစ်မယွန်းပွင့်ဖြူမေးတာကို ပြန်ဖြေရင်း မနေ့က မပြီးသေးတဲ့ အလုပ်တွေကို လတ်စသတ်ဖို့ ရှေ့က ကွန်ပျူတာကို ဖွင့်လိုက်သည်။


"တစ်ခုခုဖြစ်လာသလားလို့..။"


"ယောကျင်္ားနဲ့မနေ့ညက ရန်ဖြစ်ထားတာ."


"ဟမ်.."


"အခုတော့ အဆင်ပြေသွားပြီ။"


"ဘော့စ် နဲ့များဆိုင်နေတာလား.."


💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now