"ငါ့ကိုဘယ်ခေါ်လာတာလဲ..."
အိမ်ကိုရုတ်တရက်ပေါက်ချလာပြီး အင်္ကျီတွေ အတင်း လဲခိုင်း..။ ပြီးတော့ လူကို ဂုတ်ကမဆွဲရုံတမယ် အတင်း ခေါ်သွားသော သူငယ်ချင်းမကို ဆက်ဟန် မေးလိုက် မိသည်..။
"နင့်ယောင်္ကျားဆိုင်ကို.."
"ဟာ..."
ဆက်ဟန်ကို ဘာမှ ကြိုမပြောဘဲ လုပ်ချလိုက်ပြန်ပြီ..။
အိမ်စည်မကတော့ တက္ကစီသမားကို ဆိုင်လိပ်စာကို
ပြောနေသည်။ ဆက်ဟန်တောင် ဆိုင်ရှိသည်ဆိုရုံသာ သိပြီး ဘယ်နား ရှိမှန်းမသိ..။ထိုသူငယ်ချင်းမက သွက်လှချည်လား..။"ငါကဘာလို့သွားရမှာလဲ.."
"ကိုယ့်ယောင်္ကျားဆိုင် ကိုယ်သွားတာလေ.. ဘာလို့ဆိုတာ ပါစရာလိုလို့လား.."
ဒီကောင်မစုတ်ကတော့!!
"နင်တစ်နေ့သုံးခါဖုန်းပြောရမယ်ဆိုလို့လည်း သူနဲ့ငါနဲ့ ဖုန်းပြောတယ်လေဟာ.."
"ဖုန်းပြောရုံနဲ့ရမလား.. နင်တို့လင်လင်ကို ကြည့်ရတာ အေးတိ အေးစက်နိုင်လွန်းလို့ ငါကြားက ရင်ကြားစေ့ ပေးတာ.. ငြိမ်ငြိမ်လေးလိုက်လာခဲ့.."
"ဘာလဲဟာ..မသွားချင်ဘူး.."
ဆက်ဟန် တိုးတိုးလေး ရေရွတ်လိုက်သည်..။ အိမ်စည်မ သည် ဆက်ဟန်စကားကိုအရည်ရောအဖတ် ရော မလုပ်ပါ။ ဖုန်းကိုသာထိုင်ပွတ်နေလေသည်..။
ဟိုတစ်နေ့ပြီးကတည်းက ဆက်ဟန်နှင့် သူ လူချင်း မတွေ့ဖြစ်..။သူကတော့ ပုံမှန် အေးအေးဆေးဆေးဘဲ ဆိုပေမယ့် ဆက်ဟန်မှာသာ သူ့နဲ့တစ်ချက်တစ်ချက် အကြည့်ချင်းဆုံမိရင် မျက်နှာတွေပူပြီး ထိုင်မရ ထမရတွေ ဖြစ်..။ ဒါတောင်ဘာမမှတ်မိလို့..။ မှတ်မိလို့ကတော့ ဆက်ဟန်မျက်နှာပြာပါကျမည်။
"ရောက်ပြီ..ဆင်းတော့..ကိုယ်တော်.."
ရောက်ပြီ ဆိုတော့လည်း ဆက်ဟန်မှာ အိမ်စည် ဆွဲခေါ်ရာ ပါသွားလေသည်..။ အချိန်ကညဦးပိုင်းဆိုတော့ မှောင်ရိပ် သန်းနေပြီ ။ဆိုင်ကို မရောက်ခင် ပန်းခြံလေးတစ်ခုကို ဖြတ်ရသည်..။ ဆိုင်လေး ကသူ့ဝန်းသူ့ခြံလေးနှင့် ဆိုတော့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း..။
ŞİMDİ OKUDUĞUN
💕Valentine ဖူးစာ 💖 (Completed)
RomantizmUNICODE VERSION: Valentine dayမှာချစ်သူကလက်ထပ်သွားလို့အသည်းကွဲနေတဲ့ကောင်လေးတစ်ယောက် Valentine Dayမှာဘဲချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရသောကောင်လေးတစ်ယောက် သူတို့နှစ်ယောက်မထင်မှတ်ဘဲတွေ့ကြရာကနေ ??????? ZAWGYI VERSION: Valentine dayမွာခ်စ္သူကလက္ထပ္သြ...