Part-14 (Unicode)

4.4K 423 17
                                    


ရန်ကုန်မြို့၏ အထပ်မြင့်အဆောက်အအုံတွေ တိုက်တာအလီလီကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေက လတ်ဆတ်လွန်းသည်။ အသက်ကိုမှန်မှန်လေး ရူထုုတ်လိုက်ပြီး အကြောတွေကို ရိပ်နေ ဖြည်းဖြည်းချင်း ဖြေလျှော့ချလိုက်သည်။ဘေဘီလေးဟန်ကိုအိမ်ပေါ်ဆွဲတင်ခေါ်ပြီးကတည်းက မနတ်ပိုင်း yogaမကျင့်ဖြစ်တော့။ မနတ်ခင်းလေညှင်းခံမည့်အစား ဖြူဖြူဖွေးဖွေးကိုယ်လေးကို ဖက်ထားရင်း အိပ်ရာထဲနှပ်နေရသည်ကို ပိုသဘောကျလာသည်။ခန္ဓာကိုယ်ပုံပျက်သွားမှာ ကြောက်၍သာ အိပ်ရာထဲက လူးလဲထလာပြီး အခုနောက်ပိုင်းမှ yoga ပြန်လေ့ကျင့်ဖြစ်ခြင်း။ အိပ်ရာစောစောထတဲ့အကျင့်လည်း ဘေဘီလေးဟန်နှင့်တွေ့မှ အကျင့်ပျက်လေပြီ။လက်တွေကို အပေါ်ကိုမြှောက်ထားရာမှ ဖြည်းဖြည်း်ျင်းချလိုက်ပြီး ကိုယ်ကို နည်းနည်းနှိမ့်ချလိုက်သည့်အချိန်


"ကိုကိုရေ.."


နေမြဲအတိုင်းနေ နေရာမှ ရိပ်နေ ခေါင်းကို ငဲ့ကြည့်လိုက်သည်။ အိမ်ရှေ့တံခါးမကြီးအပြင်ကို ခေါင်းလေးပြူထွက်ပြီးကုန်းကုန်း ကုန်းကုန်းနှင့် ဘာကိုစူးစမ်းလို့ စူးစမ်းနေမှန်းမသိသည့် ဘေဘီလေးဟန်ရဲ့ ကျောပြင်သေးသေးလေး။ အိပ်ရာကနိုးလာပြီး ဧည့်ခန်းဘက် ထွက်လာပုံရသည်။


"နှင်းဆီပန်းတွေအများကြီးဘဲ..အိမ်ရှေ့မှာ.."


ရိပ်နေဘက်ကိုလှည့်ကြည့်ပြီး အော်ပြောလာသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေက အံ့သြနေမူကို သရုပ်ပြနေလျက်။


"ဟက်...အမိူက်ပုံးထဲလွှတ်ပစ်လိုက်"


ရိပ်နေ လှောင်ပြုံးတစ်ချက်နှင့် ခပ်အေးအေးပင် ပြောလိုက်သည်။ အားအားယားယား နှင်းဆီပန်းတွေ ထိုင်ပို့နေသော ငနဲကောင်သည် အသက်ကြီးမှ ရိက္ခာယူချင်နေသေးသည့် ဟိုဘဲနာပင် ဖြစ်မည်။တွေးရင်းမှ ဒူးကိုအဖြောင့်အတိုင်း တဖြည်းဖြည်း နှိမ့်ချရင်း ကြမ်းပြင်နှင့် တတန်းနီးပါးဖြစ်သည်အထိ ခြေဖျားကို ထောက်ချလိုက်သည်။ မြှောက်ထားသော လက်ကို တဖြည်းဖြည်းနှင့် အောက်ချလိုက်ပြီး ကြမ်းပြင်ကို လက်ထောက်လိုက်သည်။

💕Valentine ဖူးစာ 💖 (Completed)Tempat cerita menjadi hidup. Temukan sekarang