Part-20 (Unicode)

3.9K 358 8
                                    


"ဒီနေ့ရုံးလာတာ ယွန်းပွင့်ဖြူ တမျိုးတမည် ခံစားနေရသည်။ ဟိုတယ်ထဲကို ဝင်လိုက်တာနဲ့ Receptionက ဝန်ထမ်းကောင်မလေးတွေက တီးတိုးတီးတိုးနဲ့ တစ်ခုခုကို ပြောနေကြသည်။ ယွန်းပွင့်ဖြူဝင်လာတာကို မြင်တော့မှ ပြောလက်စ စကားကို ချက်ချင်းဖြတ်ချပြီး ယွန်းပွင့်ဖြူကို လှမ်းနူတ်ဆက်သည်။


"အစ်မ..ဒီနေ့လှနေတယ်နော်.."


ဒီကောင်မလေး ယွန်းပွင့်ဖြူကို သပ်သပ်မဲ့မြောက်ပြောတယ် ဆိုတာသိပြီးသား။ ယွန်းပွင့်ဖြူ ခပ်တည်တည်မျက်နှာထားဖမ်းပြီးတော့သာ


"ဘော့စ်ရောက်နေပြီလား။"


"ရောက်နေပါပြီ။ ခုနကဘဲ အပေါ်ထပ်ကို တက်သွားတယ်။အစ်မ.."


"Okလေ၊ ဒါဆို အစ်မသွားလိုက်ဦးမယ်။ အလုပ်ချိန်မှာ စကားဘဲများမနေနဲ့နော်။"


လက်ကိုင်အိတ်ကို ဟန်ပါပါနှင့် မြှောက်ပြီးတော့ ကြွကြွရွရွဟန်ပန်နှင့် သူတို့ရှေ့ကထွက်လာခဲ့လိုက်သည်။ ရှေ့သို့ခြေလှမ်း ဆယ်လှမ်းပင် မပြည့်တတ်သေး။ ဒေါက်ဖိနပ်သံမထွက်အောင် သတိထားပြီး ယွန်းပွင့်ဖြူ နောက်ကြောင်းပြန်လှည့်ကာ ထောင့်အကွယ်မှာ ရပ်လိုက်သည်။ဒီကောင်မလေးတွေ ခုနက ဘာပြောနေတာပါလိမ့်။ထိုဝန်ထမ်းမိန်းကလေးတွေကတော့ ယွန်းပွင့်ဖြူ အကွယ်ကနေ နားထောင်နေတာ မသိသေး။ ခပ်အုတ်အုတ်အသံနှင့် သူတို့ပြောချင်ရာကို စွတ်ပြောနေကြသည်။


"သြော်..နင်ကလည်း။ ငါ့မျက်လုံးနဲ့ သေချာမြင်လိုက်တာပါဆို..။ဘော့စ်ကားပေါ်ပါသွားတာ ဘော့အရင်အဆက်ဟောင်းကြီး။ သူမှသူအစစ်.."


မနေ့က ကိုရိပ်နေက ဘော့စ်ကားပေါ် ပါသွားတယ်?ယွန်းပွင့်ဖြူ အဟောင်းသား ဖြစ်သွားတဲ့ ကိုယ့်ပါးစပ်ကိုယ် လက်နှင့်အမြန်အုပ်လိုက်ရသည်။


"အမ်..ဒါနဲ့အဲ့အဆက်ဟောင်းကြီးကလည်း ဟိုကောင်လေးလေ..ဘယ်သူပါလိမ့်။ဆက်ဘာဆိုလား။ အခုဘော့စ်နားမှာနေ,နေရတဲ့ တစ်ယောက်။ သူနဲ့ကလည်း ဘာလိုလိုဘဲ။ ငါဟိုအပတ်က နေ့လည်ပိုင်းdutyဆင်းတော့ ဘော့စ်အဆက်ဟောင်းကြီးသူ့ကိုလာကြိုတာ ဟိုတယ်ရှေ့မှာတွေ့လိုက်တယ်။"

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now