Part-25 the ending (Unicode)

11.2K 638 26
                                    


"ငါပြောတဲ့ဆေးခန်း သွားပြီးပြီလား။"


"အေး။ပြီးပြီ။ အဲ့ဆရာ တော်တော်စွမ်းတာဘဲ။ ငါ့အဖေ တစ်ခါဘဲ သွားစရာလိုလိုက်တယ်။ အခုလုံးဝအရှင်းပျောက်သွားပြီ!!"


ဆက်ဟန် အိမ်စည်နဲ့ဖုန်းပြောနေရင်းနဲ့ ဝမ်းသာအားရ ပြောလိုက်သည်။ အိမ်စည် ပြောတဲ့အတိုင်း အဲ့ဆေးခန်းကိုသွားလိုက်တာ ရွေးချယ်မူမှန်သွားသည်ဟု ပြောရမည်။ဒီလိုနေရာမျိုးတွေကျတော့ အိမ်စည်က အားကိုးရမည်ပြောရမည်။ သားဖြစ်သူ ပျော်ပြီး မြူးထူးနေတာကို ဒေါ်စန္ဒာမေ တစ်ချက်ကြည့်ရင်း ခေါင်းယမ်းလိုက်သည်။ မနေ့က မြင်ကွင်းတွေက ဒေါ်စန္ဒာမေရဲ့ မျက်လုံးထဲ တကွက်ချင်းစီ ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်လာလေသည်။


"ဆယ့်ငါးမိနစ်လောက်တော့ ရှိနေပြီ။"


သားဖြစ်သူက လက်ကောက်ဝတ်က နာရီကို ငုံ့ကြည့်ရင်း ပြောလေသည်။ ဒေါ်စန္ဒာမေခမျာ ထိုဆယ့်ငါးမိနစ်က ဆယ့်ငါးကမ္ဘာ လောက်ကြာမြင့်နေသည်ဟု ထင်ရသည်။ လေတကယ်ဖြတ်မနေတဲ့သူအတွက် ဘယ်လိုများ ကုထုံးပေးမှာပါလိမ့်။ ဒေါ်စန္ဒာမေထိုအကြောင်းကိုသာ ထပ်ခါထပ်ခါ တွေးနေမိလေသည်။ ဒါပေမယ့် အခုထိ ဘာမှ ထူးထူးခြားခြားမရှိပုံထောက်လျှင်တော့ အဆင်ပြေမှာပါလေ။ ဒေါ်စန္ဒာမေ ဖြေသိမ့်လိုက်လေသည်။ ဆက်ဟန်ကတော့ ဖုန်းထဲက ဘတ်စကတ်ဘော ပစ်တဲ့ဂိမ်းကို သည်းသည်းမဲမဲ ဆက်ဆော့နေလေသည်။


"အာ..."


အခန်းထဲက သံရှည်ဆွဲပြီး ညည်းတွားလိုက်သံကိုကြားလိုက်ရသည်။ ဒေါ်စန္ဒာမေ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားလေသည်။ ဆက်ဟန်ကတော့ ဂိမ်းထဲ အာရုံစိုက်နေတာမို့ ထိုအသံကို ကြားလိုက်ဟန်မတူ။ အခန်းကလည်း သုံးထပ်သားပြားတချပ်လောက်သာ ကာထားတဲ့ အခန်းဆိုတော့ အထဲက အသံတွေက အတိုင်းသားကြားနေရသည်။ ခပ်တိုးတိုး ညည်းတွားသံသည် တချက်တချက် ပေါ်လာတိုင်း ဒေါ်စန္ဒာမေခမျာ ဆတ်ခနဲ တုန်ယင်သွားရရှာသည်။

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now