Part-22 (Unicode)

3.8K 366 6
                                    


"မိန်းမ..သားအလုပ်သွားပြီလား။"


စကားသံဟာ အထစ်အငေါ့မရှိ။ မိန်းမဖြစ်သူက တံခါးအကွယ်မှနေ၍ အိမ်ရှေ့ကိုလှမ်းကြည့်လိုက်သေးသည်။


"သွားပြီ။ ယောကျင်္ားရေ..."


ဒေါ်စန္ဒာမေ ယောကျင်္ားဖြစ်သူကို လှမ်းပြောလိုက်ပြီး အခန်းအတွင်းသို့ဝင်လာသည်။ ဦးမြင့်ဟန်ကတော့ ကုတင်ပေါ်ကနေ လူးလဲ ထထိုင်ပစ်လိုက်သည်။ ပြီးတော့ ကျောပြင်ကို ပွတ်ရင်း ညည်းညူနေလေတော့သည်။


"အဲ့ကောင်လုပ်တာနဲ့ ငါလည်းတကယ် အကြောတွေ သေကုန်တော့မယ်။"


"သားလာတဲ့တစ်ချက်ပါဘဲ..ယောကျင်္ားရယ်။"


ဒေါ်စန္ဒာမေ ဦးမြင့်ဟန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်ရင်း စားပွဲဘေးထား,ထားတဲ့ ဆေးပုလင်းတွေကို နေရာရွှေ့လိုက်သည်။ တကယ်တော့ ဒီဆေးတွေက လိုတာမဟုတ်။ သားဆက်ဟန်ရှေ့မှာသာ ဟန်ပြ အနေနဲ့ လိမ်းပေးနေရတာ။ ယောကျင်္ားဆို သားကွယ်ရာမှာ ညည်းသလားမမေးနဲ့။ လိမ်းဆေးတွေက နံလို့ဆိုပြီးတော့။


"မင်းသားကလည်း အခုမှ ငါ့အနားကို အရမ်းတွေ ကပ်နေတာထည့်ပြောလေ။ အလုပ်က ပြန်လာကတည်းက ငါ့နားတောက်တဲ့လိုကပ်ပြီး တညလုံး အနားက ခွာကိုမခွာဘူး။"


ဦးမြင့်ဟန် စိတ်ပေါက်ပေါက်နှင့် ပြောတော့သည်။ အရင်က စကားပြောချင်လို့ စကားစရင်တောင် စကားစကို ဖြတ်ပြီး ထွက်ပြေးတဲ့သားဖြစ်သူက အခုတော့ အဖေနားမှာ တွယ်ကပ်နေတော့သည်။ ဦးမြင့်ဟန်မှာသူရှိရင် လူပ်မရပြုမရနှင့်။


"သြော်..ယောကျင်္ားကလည်း..။သားခမျာလည်း စိတ်ပူရှာတာကိုး..သူ့ကြောင့်ဆိုပြီးတော့လေ။ ကျွန်မဖြင့် သားကို ကြည့်ပြီး စိတ်တောင်မကောင်းဘူး။ "


ဒေါ်စန္ဒာမေ ရဲ့ စကားဟာ ဦးမြင့်ဟန်ကို တွေဝေသွားစေသည်။ မနေ့ညနေက သားပြောခဲ့တဲ့စကားတွေက ဦးမြင့်ဟန်အတွေးထဲ ပြန်ဝင်လာသည်။ဒါပေမယ့် အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူကို ယောကျင်္ားတစ်ယောက်နဲ့ သဘောမတူနိုင်ပါ။ အထူးသဖြင့် အဲ့ရိုင်းစိုင်းပြီး လူကြီးကိုလူကြီးမှန်းမသိတဲ့ကောင်မျိုးနဲ့ပိုပြီး သဘောမတူပါ။

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now