Part-16 (Unicode)

3.8K 378 2
                                    


မျက်တောင်စိပ်စိပ်လေးတွေက ပုတ်ခတ် ပုတ်ခတ်။ ဆစ်ခနဲတစ်ချက်ထကိုက်တဲ့ ခေါင်းကြောင့် မြင့်မိုရ်ဘုန်းပိုင် မျက်မှောင်တွေကို အစွမ်းကုန်ကျုံ့မိလိုက်သည်။အ..ခေါင်းကိုအသာဖိကိုင်ရင်း အိပ်ရာပေါ်က လူးလဲထလိုက်သည်။ နေ့လည်ကလောက် ခေါင်းမကိုက်တော့ပေမယ့် အိပ်ရေးလွန်သွားလို့ထင်သည်။ ခေါင်းကအနည်းငယ် နောက်ကျိနေသည်။အိပ်ရာဘေးကို ဟိုဟိုဒီဒီ ကြည့်မိတော့ ပန်းကန်လုံးခပ်ကြီးကြီးတစ်လုံး။ အိပ်ရာပေါ်က ဖင်အသာကြွပြီး လှမ်းကြည့်တော့ ပန်းကန်လုံးထဲမှာ အရည်အနည်းငယ်သာကျန်တော့သည်။ နေ့လည်က မြင့် မိုရ်ဘုန်း ပိုင်စားဖို့ ယွန်းပွင့်ဖြူ ပြုတ်ပေးခဲ့တဲ့ ခေါက်ဆွဲပြုတ်ပန်းကန်။ယွန်းပွင့်ဖြူဆိုတဲ့ကောင်မလေးက လုပ်ချလိုက်ပြန်ပြီ။တစ်ခါတည်း ပန်းကန် ဆေးပေးသွားတာ မဟုတ်ဘူး။ -___-ခေါင်းကိုတစ်ချက်ခါလိုက်ပြီးအိပ်ရာပေါ်က ဆင်းဖို့ပြင်လိုက်တဲ့အချိန်မှာဘဲ အဲလ်ကွန်း မဖွင့်ထားဘဲ အေးစိမ့်နေတဲ့ ပတ်ဝန်းကျင်ကို ခံစားလိုက်မိသည်။မိုးရွာနေတာလား?အိပ်ရာပေါ်ကချက်ချင်းခုန်ဆင်းလိုက်ပြီး ပြတင်းပေါက်လိုက်ကာကို ဆွဲဖယ်ပစ်လိုက်သည်။ လိုက်ကာကို ဆွဲပိတ်ထားခဲ့တဲ့ ယွန်းပွင့်ဖြူကို စိတ်ထဲက အသားလွတ် မေတ္တာပို့မိသည်။မီးခိုးရောင်လိုက်ကာက ဘေးနှစ်ဖက်သို့ ရှဲသွားသည်နှင့် မိုးစက်တွေအလုအယက်ကျဆင်းနေတဲ့ ညနေခင်း၏မြင်ကွင်း။မိုးရွာနေပြီ!မြင့်မိုရ်ဘုန်းပိုင်၏ လက်က ဖုန်းကို အလျင်အမြန်ပင် ကောက်ယူလိုက်တော့သည်။


💕


"........"


ယွန်းပွင့်ဖြူ၏ ဘေးအိတ်ထဲကနေ ဖုန်းလေးက တတီတီမြည်လျက်။ ယွန်းပွင့်ဖြူက ဘတ်စ်ကားတိုင်ကိုမှီလျက် ငိုက်မြည်းနေဆဲ။


"......."


ဘတ်စ်ကားပေါ်မှတခြားသူများက ယွန်းပွင့်ဖြူကို ကွက်ခနဲ လှည့်ကြည့်နေကြပြီ။ ယွန်းပွင့်ဖြူ ငိုက်လို့် ကောင်းဆဲ။ အဝါရောင်တိုင်လုံး သေးသေးလေးကို မျက်နှာအပ်ပြီးကို အပီအပြင် အိပ်နေသည်။ နားထဲတွင် ဖုန်းမြည်သံ သေးသေးလေး ကြားလိုက်ရပေမယ့် အိမ်မက်မက်နေတာဘဲဟထင်မိလိုက်သည်။

💕Valentine ဖူးစာ 💖 (Completed)Where stories live. Discover now