အပြာရောင်နုနုဆေးသုတ်ထားသောအခန်းငယ်ထဲကောင်လေးတစ်ယောက်တကုတ်ကုတ်နှင့်MV streamနေလေရဲ့ ။
ရှုပ်ပွပွေလီနေသောအဝတ်နှင့် နံရံအပြည့်အိတ်စ်ဇိုပို့စ်စတာဆိုဒ်စုံ ကပ်ထား၍အခန်းထဲစဝင်လျှင် 5ပေရှိ ပင်ဂွင်းရုပ် ကို ထီးထီးကြီးတွေ့မြင်ရသည်။
၃ပေနံရံကပ်ဗီရိုအသေးလေးပေါ် အယ်လ်ဘမ်တချို့နှင့် သူBias dollအရုပ်လေးတွေ တန်းစီတင်ထားသည်။ယောက်ျား လေးပီပီမှန်တင်ခုံပေါ်ထွေထွေထူးထူးမရှိ ခောင်းဖီး၊ Hand cream၊မမမြတ်နိုးလက်ဆောင်ပေးထားတဲ့ရေမွှေး တို့ကိုတော့စီရီထားသည် ။
ပြန့်ကျဲနေသောစာအုပ်များနှင်င့်မသိမ်းရသေးသောအိပ်ရာ မလျှော်ရသေးသောအဝတ်ခြင်း တို့ကြောင့် အခန်းငယ်မှာ ခေါင်းကိုက်ချင်စရာကောင်းလှသည်။
''ဝမ်ဝမ်း...သားငယ်မအိပ်သေးဘူးလား ၂နာရီတောင်ထိုးနေပြီ ကွန်ပျူတာ,ဖုန်း ဆော့တာတော်တော့လေကွယ်..မဟုတ်ရင်မေမေ မုန့်ဖိုး၃ရက်စာဖြတ်မှာနော်''
ညဥ့်နက်ကြီး အခန်းဝမှလှမ်းအော်သော မေမေ့ကြောင့် ဝမ်ဝမ်းကိုယ်လေးမှာ သိမ့်ကနဲတုန်၍လန့်ဖြတ်သွားသည် ။
''ဟာ မေမေကလည်းနောက်သုံးပုဒ်ပြီးရင်တော်ပြီလေနော်ဒီမှာviewers ကမတက်ဘူးဖြစ်နေတယ်။လုပ်ပါ မေမေရယ် ခဏလေးနေရင် အိပ်ပါမယ်နော်...နော် နော်..''နော်သုံးခါဖြင့် ရမလား ချွဲကြည့်ပါသော်လည်း---
''မရဘူးဟေ့...မနက်ဖြန် ဆိုကျောင်းကဖွင့်ပြီ ပုံမှန် ၉နာရီ၁၀နာရီထနေကျလူက ခုချိန်မှမအိပ်ရင်မနက်ဖြန်ဘယ်ချိန်မှထမတုန်း။ ခုအိပ်လို့ပြောနေတယ်..စိုင်းခန့်မင်းဝေ..ညကြီးမေမေ့အသံလူကြားမယ်နော် ။''
''အာ ဟုတ်ကဲ့ပါဗျာ''
မအိပ်ချင်ပဲအိပ်ယာဝင်ခဲ့ရလေသည်မှာ မေမေ့စကားနားမထောင်တဲ့ကလေးဆိုးမလုပ်ချင်သောကြောင့် ။ကျောင်းနာမည်ကစိုင်းခန့်မင်းဝေဖေဖေဦးမင်းဝေ,မေမေနန်းယဉ်အေးတို့ရဲ့တစ်ဦးတည်းသောသား။
မနက်ဖြန် မကွေးတက္ကသိုလ်အင်္ဂလိပ်မေဂျာမှာပညာသင်ရမဲ့ပထမနှစ်ကျောင်းသားလေးပေါ့ ကျွန်တော်နဲ့ပေါင်းတဲ့ငယ်ပေါင်းကြီးဖော် မိထက်လည်းအတူတူပဲ။
