ချမ်းစိမ့်မှု့ကိုသိသိသာသာ ခံစားနေရပြီဖြစ်တဲ့မနက်ခင်း ရဲ့မကွေးဆောင်း ။မထချင်သော်လည်း အောင့်အီးကာ ထရသည် weekendပါ အလုပ်လုပ်ရမည်ဖြစ်သောကြောင့် ။
လေဘာတွေကိုမှာစရာရှိတာမှာပြီး သစ်ပင်ရိပ်အောက်ခဏဝင်ခ်ိုနေတုန်း တိုက်ဆိုင်ချက်က ကိုယ်တစ်ညလုံးလွမ်းနေတဲ့ကလေးက ကိုယ့်ရှေ့တည့်တည့်ရောက်နေတာမျိုး ။တွန်းလှည်းသည်အန်တီဆီမုန့်ဝယ်နေတာ ထက်ထက်လည်းပါသား။
"အန်တီ သားကို သဘောင်္သီးထောင်း ရယ် မက်မန်းသီးသုပ်ရယ် သရက်သီးသုပ် အစပ်တရားကြီးမထည့်ဘူး''
"အေး သား ခဏစောင့်အုံး''
"ဟုတ်''
ကျွန်တော့်မမြင်ကြဘူး သူတို့အာရုံနဲ့သူတို့ ။ဒီခဏလေးစောင့်ရတာကို ဖုန်းနဲ့မျက်နှာနဲ့မခွာဘူး ပြီးမှ မျက်ရိုးကိုက်တာစလာကြမှာ နောက်ဆိုမတပ်ချင်တဲ့မျက်မှန်ကြီးတကားတကားနဲ့ဖြစ်လာကြမယ်။ ပြောမရဘူး နောက်ကျ ကိုယ်ပြနေကျဆေးခန်းမှာ ဘွတ်ကင်နှစ်ယောက်စာယူရင်ယူနေရမှာ။
ဆူချင်ပေမဲ့လည်းမဆူရက်ဘူး ပြီးတော့အခုအခြေနေနဲ့သွားဆူရင်စိတ်ကွက်ပြီး ကျွန်တော့်မျက်စိဆံပင်မွှေးစူးသွားမှဖြင့် ။
အခုတော့၅မိနစ်လောက်သွားစကားပြောလိုက်အုံးမယ် အချိန်ကသိပ်မရဘူး တစ်မနက်တည်းပြီးမဲ့အလုပ်ကညနေထိကူးသွားမှဖြင့်။
" အဟမ်း... ''
" ဆရာ! ! ။ဒီနားလေးက ဆရာ့အလုပ်ခွင်လား ။ ''
"အင်း အစပ်လျှော့တယ်ဟုတ်''
"လျှော့တယ် ခုတလောဗိုက်မကောင်းလို့''
"ကောင်းပါ့ ။ဆင် ခြင်ရမှန်းသိတယ် လိမ်မာတယ်''
စကားပြောရင်း သူ့ခေါင်းပေါ်ကသစ်ရွက်လေးမြင်တော့ အသာလေးသပ်ချပေးလိုက်တယ် ။သြော် ဒါကို သူက အဲ့သစ်ရွက်ပေး ဆရာ ကျွန်တော့်ခေါင်းပေါ်ကျလာတာမို့ သိမ်းထားမယ် ဆ်ိုပြီး အပေါ်ထပ်အင်္ကျီအိပ်ကပ်ထဲထည့်သိမ်းလို့ ။
ဆရာနဲ့ငဝမ်း momentsလေးငေးနေရချိန် ဟဲ့ ထက်ထက်မ BBQကျွေးမယ် လာလို့ခေါ်နေတောင် ဟင့်အင်း လို့အသေအချာငြင်းမိမှာ။
သူတို့နှစ်ယောက် နဲ့ပက်သတ်ပြီး အသေးစိတ်ကအစ သေချာမှတ်ထားပေးရတာ မမမြတ်နိုးကိုပြန်ပြဖို့ ။
