"မေမေ သား ဆီသွားထည့်မလို့ အပြန်တီတီတို့အိမ် ၀င်လည်အုံးမှာ ခေါ်ထားတာ ကြာ ပြီ ။"
"သားကလည်း အိမ်ပဲတန်းတန်းမတ်မတ် ပြန်တာမဟုတ်ဘူး ။သူများအိမ် ၀င်လိုက်ထွက်လိုက်နဲ့ အမျိုးအိမ်လည်းမဟုတ်ဘူး ။ဘုန်းပြည့်ကော မတွေ့ဘူး အဆက်သွယ်ရှိလား ။"
"ဆရာက ဆိုဒ်ဆင်းနေတာ ပုပ်ပါးဖက်(Gboardနဲ့ ပတ်ဆင့်မရိုက်တတ်လို့ပါ) ။ကြာ ပြီလေ မေမေ ။"
"အော် အင်း ။သွား သွား အကြာ ကြီးလုပ်မနေနဲ့ ။
ခုတလော မေမေမှာ အရင်နှင့်မတူ ။တီတီတို့ အိမ်အလည်လာဖို့ခေါ်တာမလွှတ်ဘူး ။နှစ်ပတ်တစ်ခါ သွားလ ည်တတ်တဲ့ မေမေကိုယ်တိုင်က ခုဆို အဲ့အိမ်အကြောင်းတစ်ခွန်းမဟ ။သူ အမြဲ ချီးကျူးသဘောကျရသည့် ဆရာကိုလည်း အရင်ကလောက် ဟက်ဟက်ပက်ပက် မရှိ ။
ကျွန်တော့်ကို ရည်းစားရှိလားဟု ထူးထူးဆန်းဆန်း မေးကာ ကျွန်တော်မရှိလျှင်လည်း ဖုန်းယူစစ်တတ်သေးသည် ။ဆရာနဲ့ရည်းစား စဖြစ်တည်းက ဖုန်းမက်စေ့နှင့် တခြားအတိုအထွာ များကို တန်းဖျက်တတ်သောကြောင့် ဘယ်ချိန်ယူ ကြ ည့် ကြည့် အေးဆေးနေလေသည် ။ဘုန်းပြည့်မရှိလို့ ဒီကလေးငြိမ်နေတာကို ငါကအဟုတ်မှတ်နေတာ ။ရည်းစားရှိလား ကောင်မလေးတွေကငါ့သား ပြန်ကောကြိုက်လား စတော့ စိတ်မ၀င်စားပါဘူး မေမေတဲ့ ဟဲ့ ဘာဖြစ်လို့တုန်းဆိုတော့ ပြုံးစိစိမျက်နှာလုပ်သွားတယ် ။
ဗိုက်ထဲထွက်လာတဲ့ချိန်ကစ ပြီး ခုချိန်ထိ သားက မိန်းကလေးအသုံးအဆောင် စိတ်ဝင်စား ခြင်းမရှိ နွဲ့ ခြင်း နှောင်း ခြင်းမရှိပါပဲ ဘာကြောင့် ယောကျာ်းတစ်ယောက်နဲ့ ချစ်ကြိုက်နေရသလဲ ဘယ်လိုမှစဉ်းစားမရ ။ငယ်ငယ်တည်းက ဆံပင်အိအိ ငယ်သွား ကြီးကြီး ဖြူဖတ်ဖတ်လေးမို့ မသိတဲ့လူက သမီးလေးလို့ခေါ် ရင်တောင် ပေစောင်းစောင်း ကြည့်တတ်တဲ့ကလေး မကြိုက်တဲ့ကလေး။ ဘောလုံးကန်တာ သူ့ဝါသနာ ။ဝါသနာပါတာတော့မပြောနဲ့ ခြေထောက်ကျိုးအောင်တောင် ကန်တယ် အဲ့တော့သူ့အဖေရဲ့ မကန်ရဘူး ဆိုတဲ့ ပြင်းပြင်းထန်ထန်အမိန့်ကြောင့် မကန်ရဲတာ ခုချိန်ထိ ။
![](https://img.wattpad.com/cover/172299745-288-k970111.jpg)