Part_21

1.1K 47 12
                                        

ကလေးတွေရေဆော့နေချိန်နှင့် အနီနားရှိ ဆည်တစ်ခုမှ လှောင်ထားသော ရေလွှတ်လိုက်သောကြောင့် ပုံမှန်ထက် ရေစီးနှစ်ဆမြန်လာသည် ။မကွေးမြို့ - မန်းရွှေစက်တော်မှာ တစ်နှစ်တစ်ခါလူစားသည်ဟုလည်း ပြောစမှတ်ရှိကြသည် ။။
တစ်ဖွဲ့လုံးရဲ့ အကြီးလည်းဖြစ်  ကလေးတွေကိုခေါင်းခံခေါ်လာတာ မိမိကိုယ်တိုင် ။ရေကြောင်းခရီးဆိုတော့ ပိုဂရုစိုက်ရ၍ တခါတ​လေ ခေါင်းတွေပင်ကိုက်ခဲချင်လာသည် ။

ဝမ်ဝမ်းတို့အဖွဲ့ရေထဲစဆင်းချိန်ကပင် အော်လိုက်ရသည်ဆိုသည်မှာ အသံပင်ဝင်မတတ်--- ကလေးတွေ ကိုယ့်တဲချောင်းပတ်ဝန်းကျင်ပဲဆော့ကြပါ ။ ဟိုးဘက်ထိသွားမချိုးကြပါနဲ့ ။ ဝမ်ဝမ်းရေ အဲ့ဘက်ထိမသွားပါနဲ့ လူစိမ်းတွေနဲ့တိုက်မိမယ် ဆိုတာကအစ ။အော်လို့မောရတဲ့ကြားထဲ ကပ်လျက်တဲချောင်းက၇တန်းကောင်လေးနဲ့အပြိုင် ရေကူးအသက်ကယ်ဝတ်စုံဝယ်ချင်လို့ဆို လိုက်ဝယ်ပေးရသေးတယ်ဗျာ ။

ထမင်းစားပြီးတည်းက ကူးလိုက်သည့်ရေ ။ရွှေမှုံနှင့် မှားခေါ်လာသလားပေါ့ ။ကိုယ်တောင်သူတို့နဲ့ ရေဆော့ပြီး ထမင်းတောင် နောက်တစ်ခါပြန်ကျော့စားနေပြီ သူကတော့ရေဆော့ရင်းကဆော့ရင်းပင် ။
ကုန်းပေါ်ယောင်လို့တောင် တက်မလာသော ဝမ်ဝမ်းနှင့်ပင် လူမှာငိုချင်ချင်ဖြစ်လာသည် ။ နေ့လယ်နေရှိန်ပြင်းပြင်းအောက် နေလုံးကြီးနှင့်အပြိုင်ရေစိမ်နေသော ဝမ်ဝမ်းမှာ ငမဲလုံးနဲ့ တဖြည်းဖြည်းတူလာသည် ။

နေလောင်ထားသော ပားနှစ်ဖက်မှအနီကွက်နှစ်ကွက် ။ပါးရှပ်ရှပ်ဆံသားများနှင့် ချောင်းရေထိပြီး နီကျတ်ကျတ်ဖြစ်လာသောဆံပင်ကာလာ။ ဝတ်ထားသော နီညိုရောင်စွဲသားလက်တိုမှာ ရေထဲအရှိန်ပြင်းပြင်းဖြင့် တံတားပေါ်ကခုန်ဆော့လိုက် ဒိုင်ဗင်ထိုးချလိုက် ဘောလုံးပုတ်ရင်းဆွဲရုံးလိုက်နှင့် သူ့ဒဏ်မခံနိုင်၍ fixဆိုဒ်အင်္ကျီမှာ ပေါင်ထိဖုံးနေသောလျော့တိလျော့ရွဲအဖြစ်သို့ ။

ရေစိုကြွက်စုတ်ကေနှင့် စုတ်ချွန်းချွန်းရုပ် ။ကျွန်တော့် သည်းတုန်လေး ဆိုသည်မှာလဲ အဆော့ဘက်ဆို အဲ့လိုပါရမီအထုံနဲ့ထူးချွန်ပါတယ် ။ သူနဲ့အပြိုင်ထူးချွန်နေသူက ရဲမင်းအောင် ။ သူလည်း မလှုပ်တလှုပ်နဲ့ ဝမ်ဝမ်း နဲ့အပြိုင် မျောက်ရှုံးအောင်ဆော့ချက်ကလက်လန်တယ် ။

~ADORE YOU~Where stories live. Discover now