မနက်၇အတိ ဝမ်ဝမ်းအိမ်ရှေ့အရောက် ။လိုက်မပို့နဲ့ကျွန်တော်ကလေးမဟုတ်ဘူးဗျ ဟုပြောပါသော်လည်း စာမေးပွဲချိန် ကားဆိုင်ကယ်တဝီဝီ သူသူငှါငှါသွားဖို့လုံးပန်းနေချိန်ဖြစ်၍ ဆိုင်ကယ်အလွန်တရာရှုပ်ကာ ဒီကြားထဲကံမကောင်းလှစွာ ဆိုင်ကယ်ဘီးပေါက်လျှင် ကလေးစာမေးပွဲ ကြံ့ကြာမည်ဖြစ်၍ စိုးရိမ်မှု့ကြီးတတ်သော ကျွန်တော် ယခုလိုရောက်လာ၍စောင့်နေရခြင်း ။
အခုထက်ထိကိုယ်တော်လေးကတော့ ထွက်မလာသေး စာမေးပွဲဖြေမှာကိုဘာတွေရှိုးစမိုးထုတ်နေလဲ မသိပါဘူး တောင်ပြေးလိုက်မြောက်ပြေးလိုက်နဲ့ သေချာတာက ဝတ်ဖို့အင်္ကျီသူ့မေမေကိုမေးနေတာဖြစ်လိမ့်မယ်။
မနက်ဖုန်းဆက်တော့လည်း စိတ်လှုပ်ရှားလို့ အစောကြီးနိုးနေပြီးစာပြန်နွေးနေတာပါတဲ့ ခုံနံပါတ် မှားမတပ်ဖို့သတိအခါခါပေးရတာကအမော ။ကောင်လေးက ရှမ်းကရှမ်းတတ်နဲ့ ။ပြောလိုက်ရင်တော့ သိပါတယ်ဗျာ ဒါချည်းပြောနေတာကျွန်တော် သူငယ်တန်း ကလေးမဟုတ်ဘူးနော် နဲ့။
ဟိုတစ်ခါ မေမေ့ကိုဈေးလိုက်ပို့ရင်းနဲ့ အန်တီနန်းနဲ့တွေ့တော့ သူ့သားသားတွက်Boxerဝယ်နေတာတဲ့ ကိုင်ထားတာကြည့်လိုက်တော့ အပြာနုလေးအပေါ်မှာBearကောင်လေးတွေနဲ့ ။ ခပ်အေးအေးကျွန်တော်တောင်ပြုံးစိစိဖြစ်သွားတယ် တကယ့်ကလေးလေးပါဆို ကျောင်းသွားရင်တောင်ရေဘူးအိတ်နဲ့ ။ဆိုင်မှာ၂၀၀လောက်ပေးပြီးဝယ်သောက်လည်းဖြစ်တာကို အလေးခံသယ်တဲ့ကလေး ။
ထွက်လာပါပြီဗျာ ထူးထူးခြားခြား ပုဆိုးတွေဘာတွေနဲ့ပါလား။
"ကလေး... ပုဆိုးတွေဝတ်လို့ပါလား... အန်တီပြောတော့ပုဆိုးမနိုင်လို့ ခါးပတ်နဲ့တွဲဝတ်ရတာဆို''
"ဟုတ်တယ်လေဗျာ... ယောက်ျားလေးဖြစ်ပြီးပုဆိုးမဝတ်တတ်သေးတာမဟုတ်သေးဘူး မေမေဝတ်ပြတာကျွန်တော်သေချာကြည့်ပြီးဝတ်လာတာ...ဒီမှာကြည့်..အရမ်းဖြည်ချတောင်မပြည်ဘူး...ကြည့်ပါလား တော်တော်ခိုင်အောင်ဝတ်တတ်တယ်။''
"အေ...အေး ပါကွာ... သရုပ်ပြတာနောက်မှလုပ် သွားရအောင်လေ''
ပြောပြောဆိုဆိုစက်နိုးပြီးစတီယာတိုင်ကိုင်လှည့်တော့။
