UNicode
"စကားကုန်ပြောပြီးပြီ သားငယ် ။ဖေဖေနဲ့မေမေသွန်သင်ဆုံးမမှုတွေ သင်ပေးထားတဲ့ပညာရပ်တွေနဲ့ သား မှန်မှန်ကန်ကန်ဆုံးဖြတ်ပါ။ ။''
"ဟုတ်ကဲ့ ဖေဖေ ။စိတ်ချပါ ။''
ဟုတ်ကဲ့ပြောပြီး ကျွန်တော်ကတော့ဒိတ်မှာပဲ ဆရာနဲ့ ။
ဒီကြားထဲအထုအထောင်းခံရပြီး မတွေ့ရသည်မှာ ၂ပတ်ကျော် ။ကျောင်းတွေပြန်ဖွင့်တော့လည်း သူများထက် ၁ပတ်ကျော်နောက်ကျပြီးမှ တက်ခိုင်းတယ် ။ဆေးရုံဆင်းပြီးနောက်ပိုင်းလည်း ဖုန်းပြန်သိမ်းတယ် ။အကျဉ်းသားဘဝနဲ့ နင်လားငါလား ။ပြန်လာလို့စိတ်အခပ်မသင့်ရင် ယူနီဖောင်းလဲရင်း ခါးပတ်စာကကျွေးသွားသေး။ ကျွန်တော်ကတော့ ခွဲလေကြိုက်လေ ကိုယ်တို့ အပျော်သက်သက်တွဲတိုင်းကစားနေတာ မဟုတ်ကြောင်း သက်သေပြရတာပေါ့။ဒီနေ့မနက်ကစပြီး ဖေဖေ ပြန်ချိုသာနေတာ ကျွန်တော့်ပေါ် ။
ကျောင်းလဲအကောင်းလွှတ်တာ မဟုတ် စောင့်ကြည့်ကာလလို့သတ်မှတ်ထားတာပါတဲ့ အချိုးမပြေလျှင် နောင်ချိုအထုတ်ပိုက်ပြန်ရမည့် အမိန့်နှင့်အတူ ။ ဘယ်လိုသဘောနဲ့ကျောင်းလွှတ်လွှတ် ပေးလာသည့်အခွင့်ရေးတော့ မိမိရရဆုပ်ကိုင်မှဖြစ်မည်ဟူသော အတွေးကတန်းဝင်လာသည် ။စကားလုံးများဖြင့် ဖော်မပြနိုင်လောက်အောင် တော်တော်လေး လွမ်းလွန်းလှပါသည်။နှစ်ခါပြန်မတွေးတော့ပဲ လက်ထဲရောက်တာနာရီပိုင်းပင်မပြည့်သေးသည့် ဖုန်းလေးထုတ်ကာ ဆရာ့ဆီ မြန်မြန်ဖုန်းဆက်ခေါ်မိသည် တော်သေးသည်က သူ့နားရက်ဖြစ်သည်။ တစ်ဖက်လူအသံမှာလည်း မျောက်အုန်းသီးရသလို ပျော်ရွှင်မြူးတူးစွာ လာပြီ လာပြီဟု အထပ်ထပ်ရေရွတ်နေသည်။
ကန်တင်းမှာ မနက်စာမှာပြီး ထ်ိုင်စောင့်နေတုန်း ဆရာ့အမကိုမြင်လို့ တွေ့ရာစာအုပ်နဲ့ကောက်ကွယ်လိုက်သော်လည်း တီချယ်မှာ တန်းတန်းမတ်မတ် ကျွန်တော်ထိုင်ရာဝိုင်းသို့။
"အဟင်း---ထိုင်မယ်နော် ဝမ်ဝမ်း ။''
"ဗျာ! ဟုတ်ကဲ့ တီချယ်။''
ဆရာနဲ့ကြိုက်နေတာက လွဲလို့ဘာမှမလုပ်ထားသော်လည်း တီချယ့်သဘောထားမသိရသေး၍ မျက်နှာချင်းမဆိုင်ရဲဖြစ်နေသည်။ထို့ကြောင့် စပ်ဖြီးဖြီးမျက်နှာပေးဖြင့် လွယ်အိတ်ယူ၍ နေရာဖယ်ပေးလိုက်သည်။
