ကလေးတွေစာလုပ်နေချိန်မှာပေါ့ အစကကျွန်တော်ကြည့်နေတာသင်ရမဲ့courseပဲ သတိပြန်ဝင်လာတော့ ဝမ်ဝမ်းမျက်နှာဖြစ်နေတယ် ^ဘုရားရေ^ ။
နဖူးပေါ် ပုံကျနေတဲ့ဆံပင်အိတွဲတွဲလေးကို လက်နဲ့ တော်ကြာ သပ်တင်ရင်း ။မရတဲ့အပုဒ်နေရာကျ ခေါင်းလုံးလုံးလေး ရမ်းပြီး စဉ်းစားနေပြန်ရော ။ရှမ်းဗမာကပြားလေးမို့ ပါးအို့လေးလည်း ရဲနေပြန်ရော ။
ဟောဗျာ ဒီကလူဘယ်လိုနေရမလဲ ကောက်ငုံထွေးပလိုက်ချင်တယ် ။
ငါဘာ ဖြစ်နေတာလဲ ။ငါဘယ်လို တွေးနေတာလဲ ကလေးအပေါ်ကို ။စိတ်ထိန်းစမ်း အခုတလောဘာဖြစ်နေလဲ ကိုယ့်ကိုကိုယ်နားမလည်နိုင်ပါ။သူ့မြင်ရရင်ကို ကြည်နူးနေတာ ။အပြစ်ကင်းပြီး ပြေပြစ်တဲ့ မျက်နှာလေး ထိုင်ကြည့်နေရရင်တော့ အပျော်ဆုံးပေါ့ ။
ဆရာ့ကိုစာမေးမလို့ ခေါင်းမော့တုန်း ဆရာမျက်လုံးအကြည့်ကဝမ်ဝမ်းဆီမယ် ။ငဝမ်းကတော့စာကုန်းဖြေနေတယ် ဒါကရိုးသားတဲ့အကြည့်လား ထူးခြားတဲ့အကြည့်လား ဆိုတာမခွဲခြားတတ်ရင် ထက်ထက် ဖူဂျိုရှီ ဘယ်ဟုတ် မလဲ ။
ပြောမဲ့သာပြောရတာ အဲ့လိုနဲ့လွဲခဲ့ပေါင်းများပြီ ။ညီအစ်ကိုချင်း ရှစ် လို့ရှစ်မိ ။ဦးလေးနဲ့တူရီးနှစ်ယောက်ကိုလည်း ပေးစားမိသေးတယ် ။ငရဲကမနေတော့ ခံရအုံးမည်လေ ။ဒီတစ်ခါတော့အချိန်ပေးပြီးသေချာစောင့်ကြည့်ရမယ် အခုတော့မေးစရာရှိတဲ့စာမေးရဦးမယ်
"ဆရာ ဒီအပုဒ် သမီးမရဘူး''
"သြော် ဒါက ..... ။
အင် ထက်ထက်များမြင်သွားသလားပဲ။ ကျွန်တော့်မှာမလုံမလဲဖြစ်ပြီး သူတို့ကိုအတန်းချိန်စောစောဆင်းပေး လိုက်ရတယ် ။ဒီလိုမျိုးနဲ့ဆက်မသင်နိုင်တော့ဘူး ခုကိုတော်တော်ပူထူလာပြီ ။
ကျွန်တော်ဖြူစင်တဲ့ကလေးအပေါ်စိတ်တွေမရိုးမသားဖြစ်နေတာ မဟုတ်သေးဘူး ။လုံးဝကိုမဟုတ်သေးတာ ။သူကတော်တော်ချစ်ဖို့ကောင်းနေတော့ ခက်ရော ။ကားသော့ဇွတ်ဆွဲပြီးသွက်သွက်ထွက်လာလိုက်တာ ကားပေါ်ဘယ်လိုရောက်သွားမှန်းတောင်မသိဘူး။
ဒီညအိပ်ပျော်ပါ့မလား အဲ့ကလေးရဲ့အပြုံး အဲ့ကလေးရဲ့လှုပ်ရှားမှုပုံစံတိုင်း သဘောတကျရှိနေတာ ။သူရယ် ရယ် ပြတဲ့ စပ်ဖြီးဖြီးမျက်နှာလေး မြင်လာရင် ပိုဆိုး အူယားပြီး နှာခေါင်းထိပ်ကို လက်လေးနဲ့ တောက်ပစ်ချင်တာ ။
