Part_27

1K 46 9
                                    

မိုးလင်းခာနီး မက်တဲ့ အိမ်မက်ဆိုး‌ကြောင့် အိပ်ချင်စိတ်များပြယ်‌ပျောက်ကာ စောစောစီးစီးထမိသည် ဒီမနက်တော့ ။ဘာ‌ကြောင့်မှန်းမသိ စိတ်ခံစားချက်မကောင်းတော့ နေထိုင်ရတာ အဆင်မ‌ပြေဘူး ။ ‌

စောထ ဖြစ်တဲ့ရက်‌ဆိုတော့ ဘုရား သွား ပန်းကပ်ရမယ် အညံ့တွေဘာတွေပျောက်အောင် ။ယောကျာ်းလေးဆိုပေမဲ့ ကျွန်တော်ကတော့ အိမ်မက် ဗေဒင် ယတရာ ယုံတယ် ။အိမ်နဲ့လည်းနီးနီးနားနားဖြစ်နေတော့ သွားဖြစ်တာပေါ့ ။အိမ်မက်ကလည်းဗျာ ‌မြွေက ကျွန်တော်ဘယ်သွားသွား အနောက်ကလိုက်နေတာတဲ့ ။(၀မ်းနည်းစရာ ကိစ်စ ပေါ်လာလိမ့်မယ်လို့‌ပြောတာပါ ) ခွေးတွေဘာတွေမက်ရင်တော့ ဟိုဖက်ရပ်ကွက်ကဗေဒင်ဟောတဲ့ အဘဆီ‌ပြေးပြီပဲ ယတရာလေး ဘာလေးပေါ့ ‌။ေ ခွးကအောက်ရန် နည်းနည်းမှမကောင်းဘူး ။

အခာကြီးရက်ကြီးမဟုတ်တဲ့ မနက်ခင်း ဘုရားရင်ပြင်ပေါ်တော့ လူတွေရှင်းလို့ရယ် ။ကျွန်တော်ကလည်း ဒီလိုနေ့မျိုးဆို သိပ်သဘောကျတာ လူရှင်းတယ် စိတ်ငြိမ်တယ် ။ကြုံတုန်းတရားမှတ်သွားရမယ် ။ ငှက်အုပ်လေးတွေရဲ့အသံဆာဆာရယ် လေတိုက်ရင်လှုပ်ခတ်နေတဲ့ ခောင်းလောင်းငယ်ရဲ့ခလောက်သံတွေရယ် တော်တော်အေးချမ်းနေပါပြီ ။

ကိုယ့် ရဲ့နေ့နံထောင့်မှာ ပန်းကပ် ဩကာသငါးပါးသီလခံယူပြ်ီး တရားထိုင်မယ်ကြံတော့ လေးအေးတွေက တ ဖြူးဖြူးတိုက်နေ‌ရော ။ကိုယ်လည်းချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ အခန်းလုံတဲ့ ဘုရားခန်းဘက်ပဲ သွားထိုင် ဖြစ်တယ် ။

တရားထိုင်ပြီးခဏအကြာ မိန်းကလေးရဲ့ ညည်းသံလိုလိုဘာလိုလို ပွစိပွစိ ကြားနေရတယ် ။ဘုရားရဲ့အရိပ်အာဝါသအောက်အဲ့လို‌တွေးရတာလည်း မကောင်းပါဘူး ။ဒါပေမဲ့တကယ်ကြားနေရတာဗျ ။ ‌ကြောက်စိတ်တရိပ်ရိပ်တက်လာ‌သော‌ကြောင့် မျက်လုံးဖွင့်ပြီး ဘေးဘယ်ညာ ကြည့်လဲ ဘာမှမထူး ။အသံလာရာသေချာနားထောင်ရင်း ကြည့်လိုက်တော့မှ လိုက်ကာအောက်က ‌ခြေထောက်၂စုံ ။

တော်တော် စိတ်တိုသွားတယ်ဗျ စောစောစီးစီးဘုရားလာပြီး ဒါဘာလာလုပ်တာလဲပေါ့ ။လုံးဝမ ဖြစ်သင့်ဘူး ကျွန်တော်ဝင်ပါရတော့မယ်ဗျ ။ဒါမှမရရင် ဂေါပကပါ ခေါ်တိုင်ပစ်မှာ ။ စိတ်ထဲကလည်းကြိမ်းမောင်းရင်းပေါ့ နဂိုမှ အိမ်မက်မကောင်း စိတ်လည်းလေးနေပါတယ်ဆို သူတို့ကတမှောက် ။

~ADORE YOU~Where stories live. Discover now