Part_23

999 47 4
                                    

အပြန်လမ်းတွင်ရှိသော ဆင်စခန်း နှင့်ဆည်တော်သို့ ဆက်ဝင်ကာ ရေထပ်ကစားကြမည်ဆိုသောကလေးတွေကြောင့် ဦးကုလားမှာ စိတ်ရှည်လက်ရှည် မငြီးမငွေ့မောင်းပို့ပေးသည် ။

မေမေတို့အမြန်လမ်းမပေါ်မှာကားစီးနေပြီဟု ကြားပြီးကတည်းက ဒီကလေး ရွှင်လန်းတာထက်ကိုပိုနေတယ် ၁၀မိနစ်ခြား တခါ ရန်ဖြစ်နေတတ်တဲ့ ထက်ထက်နဲ့တောင် စကားတွေပြောပြီးအူမြူးလို့ရယ် ။ ၂ပတ်နီးပါး မိဘနှင့်ခွဲနေရတဲ့ ကလေးဆီက အနည်းဆုံး တစ်နေ့သုံးခါလောက် 'မေမေ'ဆိုတဲ့ နာမ်စား ခဏခဏကြားရတော့ ကိုယ်လဲ မြန်မြန်လာစေချင်တယ် သူတို့မရှိတုန်းလွတ်လွတ်လပ်လပ်တွေ့ရကြင်နာရပေမဲ့လည်းပေါ့ ။အမေပိုခင်တဲ့ တစ်ဦးတည်းသောသည်းညှာလေးမဟုတ်လား ။

"ထက်ထက်တို့ တုန်တုန်တို့ ဒီဘက်အဆောင်နားပဲကပ်ချိုးနော် ဒီချိန်ကသောက်ချိန်စားချိန် ဆွဲလားရမ်းလားတွေဖြစ်မိလိမ့်မယ် အေးဆေးကစားကြ ။
ငဘုန်း သူတို့လိုက်ပို့လိုက်အုံး ။ငါခဏမှေးချင်လို့ ။''

"အဲ ခဏ ခဏ။ ကိုကြီး လိုက်ခဲ့ပေးအုံး ဒီကဆီထမင်းကောင်းတယ် သွားမှာထားမလို့ ။''

"ဘယ်ဖြစ်မလဲ မကလည်း ။ဒီမှာ ရေစိုဝတ်တောင်ပြန်လဲပြီး ဆော့ဖို့ပြင်နေတာ ။ ''
ဆိုင်နဲ့ တည်းတဲ့နေရာနဲ့က ဝါးတစ်ပျံစာတင်ပါ ဒီကနေဆိုင်ကိုမြင်ရတာ ရှင်းလင်းလို့ လှမ်းအော်လည်းကြားတယ် ။ဘယ့်နှယ် ကိုကြီး မှ ကိုကြီး ဖြစ်နေလဲ ဒေါ်ယမင်း ။ထိုင်းမှာဖြတ်ဖောက်ချုပ်လုပ်ပြီး သူ့အနစ်နာခံယူပစ်ချင်လာပြီ ။

"အော် ထက်ထက်ကလည်း စိုင်းခန့်တို့ဟိုပိစိလေးတို့ နောက်တစ်ယောက်ပာသေးတယ်လေ အဲ့ယောက်ျားလေးသုံးယောက်တောင်ပါနေတာကို သွားမရဘူးလား ။''

"အသည်းကြီး ယားမှု့ တစ်သိန်းဟေ့ ''

"ဟမ် ဘာပြောချင်တာ ??? "

"သြ....ဆံထုံးကို အဲ့လိုမြင့်မြင့်လေးထုံးထားတာ လိုက်တယ်လို့ အမပုံနဲ့။ အသည်းကိုယားနေတာပဲလို့ ''

ဆံထုံးတော်ကြီး တမာသီးနဲ့ ဆံပင် လေးငါးမွှေးလောက် ဆွဲထုံးထားပြီး sunglassတကားကား နဲ့ ။အမြင်ကပ်နေလို့သာ မကောင်းမြင်နေတာ ဝတ်ပုံစားပုံနဲ့တော့ဆိုးပါဘူး ချစ်စရာလေး ။စကားပြောရင် ထေ့လားငေါ့လားကို မကြိုက်တာ ။

~ADORE YOU~Where stories live. Discover now