Part_4

3.3K 172 1
                                        

စာသင်သည့်ဒုတိယနေ့ညမို့ ကျွန်တော်ရောမိထက်ပါ တက်ကြွလန်းဆန်းစွာ ထိုနေရာသို့စောစောရောက်ရှိနေလေသည်။

စကားပေါလှသည့်မိထက်ကတစ်နေ့တစ်နေ့သူကြည့်ခဲ့တဲ့ဇာတ်ကားတွေရယ်,bl moviesတွေရယ် ကျောင်းမှာဘယ်လိုပုံစံနဲ့အဆင်တွေခဲ့တယ် ။ဟိုTomလေးကချောလိုက်တာ ဟိုအစစ်မက ငါ့ကလေးရဲ့ဆဲမဲကြီးကိုအသေစနှိုက်နေတာ...အစရှိသဖြင့် သူ့ရဲ့တစ်နေ့တာဖြစ်ကြောင်းကုန်စင်ကို ကျွန်တော်မမေးပဲ ပြောပြလေ့ရှိသတဲ့။
မေးရင်တော့ ထမင်းဘယ်ချိန်စားပြီး toiletဘယ်နှခါဝင်တယ် ဆိုပြီးပြောပြမလားပဲ ။

သူပြောတဲ့စကားအကုန် ဒီဘက်နားကဝင် ဟိုဘက်နားကအထွက်ပဲ ။သူပြောတဲ့စကားဆုံးရင် 'အင်း..'အဲ..သြော်' အဲ့လိုထောက်ပေးရသေးတယ် မဟုတ်ရင် လက်ဝါးပျံတွေ လွှတ်တတ်လို့ ။ကောင်လေးနှစ်ယောက်အချစ်ကိုစပို့တဲ့လိုင်းဘက် စ‌ပြောင်းတည်းက အဲ့စကားတွေနဲ့နားယဉ်နေတာ ဆဲမဲ အုကဲ တဲ့ ။အဲ့နှစ်လုံးတော့အသေရတယ် သူကလည်းအဲ့စကားပဲ‌ပြောတာ ကောင်လေးနှစ်ယောက်တွဲသွားတာ မြင်ရင် ။

ဖြတ်ကနဲနဲ့ကျောပြင်ကိုအိစက်သွားစေတဲ့လက်ဝါး။

"အား...မိထက်''

" နင်ဘာတွေစဉ်းစားနေတာလဲ ငါပြောတာတွေနားထောင်လို့လား''

"နားထောင်ပါတယ်ဟ''

"အဲ့ဒါဆိုပြန်ပြောပြလေ အကျဉ်းချုံ့ပြီး''

"နင့်ကလေးကို ဟိုအစစ်မကအသေကျောတာဆို''

"ဟုတ်ပါ့ ဟုတ်ပါ့  နောက်နေ့ကျသူတို့မေဂျာဘက်သွားပြီး အစစ်မနဲ့ရန်ကိုသွားဖြစ်ပစ်အုံးမယ်"
ဟဲ့ ပြောရအုံးမယ် အရေးကြီးတာကိုမေ့နေတယ် ဦးနှောက်က။
ငါတို့ဆရာလေ ဟိုတလောကကန်တင်းမှာဆုံခဲ့တဲ့အစ်ကိုကြီးပါ့ကော။ ငါတော့ပွတာပဲဟေ့ အဲ့ဒီလိုဆရာချောချောနဲ့ ငါ့ရဲ့ သူငယ်ချင်းလေး ဟီးဟီး ။"

"အေး   ဟီး ဟီး လုပ်မနေနဲ့ ဟိုက မိန်းမနဲ့လား ရည်းစားနဲ့လားမသိတာ  နွေခေါင်ခေါင်မိုးကြိုးပစ်သွားမယ် ''

"ဟာ လွဲပါစေ ဖယ်ပါစေ ။ ပါးစပ်ပုတ်နဲ့မ‌ပြောနဲ့ လူပျို ကြီးဟ ။''

~ADORE YOU~Where stories live. Discover now