Part_20

1.5K 57 9
                                        

"ကလေးရေ မြန်မြန် လုပ်ကွာ ။ ရေချိုးခန်းဝင်တာကြာ နေပြီ ။ ခေါင်းလည်းလျှော်မနေနဲ့အုံး နော် ။''

"ဟုတ်ကဲ့ ဘဲကြီး !! ''

ဟုတ်ကဲ့ တစ်လုံးနဲ့ လုပ်ချင်ရာလုပ်တတ်သော ဝမ်ဝမ်းမို့ ကိုယ့်မှာ သဘက်စောင်ပိုင်းလေးကိုင်ပြီး အသင့်စောင့်ပေးရတယ် ။။ဒီကလေးကတော့ ရေချိုးတာတောင် ဖုန်းတစ်လုံးနဲ့ဗျား။ သီချင်းကတအေးအေးနဲ့ ။ သူရေချိုးတာ ကိုယ်တောင်မေ့တယ် ။

ပျင်းချက်က ခေါင်းလျှော်ပြီးရင်ဆံပင်တွေကို ခြောက်အောင်မသုတ်တာပဲ ။တစ်ခါတစ်လေ အဲ့ဆံပင်အစိုကြီးနဲ့ အိပ်ယာထဲထိုးအိပ်လို့အိပ် ။

ဝမ်ဝမ်းတို့သူငယ်ချင်းတစ်သိုက် ကို စာမေးပွဲပြီးရင် ရွှေစက်တော်-ဆည်တော် ခရီး
လိုက်ပို့ပေးမယ်ပြောထားတာ ။စိတ်မြန်ကိုယ်မြန် ကလေးတွေကတော့ စာမေးပွဲ ဖြေပြီး နောက်နေ့မနက်စောစောကို သွားမယ်တဲ့ဗျာ ။ပို့မယ်ပြောပြီး အကြီးဆိုတော့ကတိတည်ရတယ် ။ တစ်ရက်လောက်နားပြီးမှ သွားရအောင်ပါပြောလည်းမရ ဝမ်ဝမ်းကအစ ။သွားဖို့အတက်ကြွဆုံးနဲ့ အကဲဆုံးကလည်းသူပဲ။

ကျောင်းသင်္ကြန် , ကျောင်းသင်္ကြန် ဆိုလည်း ဒင်းကထိပ်ဆုံး အဲ့ပွဲသွားရဖို့နဲ့ နောက်ဆုံးဖြေမဲ့ဘာသာကို အမှားအယွင်းမရှိအောင်အသေချာလုပ်ထားတယ်တဲ့ သူတို့သူငယ်ချင်းတွေစကားပြောကြရင်း ကြားတာ ။
သူသွားမယ်ဆိုတော့ ကိုယ့်မှာလည်းအငြိမ်မနေရဘူး ။သင်္ကြန်ဆိုတော့ သိတဲ့အတိုင်း မေဂျာစုံ အခန်းပေါင်းစုံတွေကလာကဲ ကြမှာ သောက်စားပျော်ပါးတဲ့ကလေးတွေလည်းပါအုံးမှာ အပျော်ကျူးပြီး ခိုက်မိတိုက်မိရင်း စကားများရန်ဖြစ်ရင် ကိုယ့်ကလေးကကြားညှပ်အုံးမှာ ။အဲ့ထဲက ဗွက်တွေနဲ့ ချော်လဲလိုက်ရင်တက်နင်းခံရအုံးမှာ ။

မသွားနဲ့တားရင် မေမေ မရှိတုန်းကဲရတာလေးကို ဦးဘုန်းပြည့်ကဟာဗျာ!!! ရှေးလူကြီးကျနေတာပဲ ကျွန်တော်ကို မိန်းကလေးတွေလိုအိမ်တွင်းပုန်းခိုင်းနေတာလားဘာညာဆိုပြီးအထွန့်တွေတက်ပြပါလိမ့်မယ် ။ဝမ်ဝမ်းတဲ့ ဘာမှတ် ။

ပွဲရောက်တော့လည်း သီချင်းသံမဖွင့်ရသေးဘူး ခန္ဓာကိုယ်ကယိမ်းနေပြီ ။သူတို့အထက်ကစီနီယာတွေကလည်း လူငယ်အကြိုက် အခုခေတ်အဆိုတော်တွေငှါးပေးထားတော့ သွားပြီ တီလုံးမြူးမြူး လူကအုပ်အုပ် ဝမ်ဝမ်းကကဲကဲနဲ့ တွေ့ပြီ ။ အဲ့အခါကျမှ သြော် သူကဒီလိုလဲရတာပဲလားဆိုပြီး အံ့သြရပြန်ရော ။

~ADORE YOU~Where stories live. Discover now