Part_17

1.4K 50 1
                                        

စောထဖြစ်တဲ့ရက်တိုင်း ကျွန်တော်နဲ့ငဘုန်းကတော့ ကမ်းနားကလက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိသည် ။

မနက်ခင်းရဲ့ လေတဖြူးဖြူးလေးကတော့ စိတ်ကိုတကယ်ပေါ့ပါးစေတယ်။ သူနဲ့ကိုယ့်အကြောင်း ဘာဘာညာညာစကားတပြောပြောနဲ့ပေါ့ ။ရောင်းအားကောင်းတဲ့ဆိုင်လေးမို့ ပါဆယ်ဆွဲတဲ့သူတွေလည်းတန်းစီလို့ ၈နာရီလာရင်တောင်ခုံပျောက်ပြီပဲ။

်ထိုင်တဲ့ဝိုင်းနေရာနဲ့မျက်စောင်းထိုး တိုက်ဝါဝါကြီးကနေ ကော့တော့တော့နဲ့ဆင်းလာတဲ့ ဟိုအသေးလေး ။ကျွန်တော့်မြင်ကွင်းထဲဝင်ရောက်လာလေရဲ့ ။

အိတ်ကပ်ထဲလက်နှစ်ဖက်နှိုက် နားကြပ်တပ်ပြီး ပါးစပ်ကပွစိပွစိလုပ်သေးတာ ။ သူ့‌တော့ မျက်မှန်းတန်းမိနေရော ။
ကျွန်တော်ဆိုတာ ကောင်မလေးတွေနဲ့တော့ မနေ့ ဘယ်ချိန် ဘယ်နေရာမှာ ဘာအရောင်ဝတ်ထားတယ် အဲ့လိုအလွတ်ရတာ  ။ပြောရရင်တော့ မိန်းကလေးနဲ့ပက်သတ်ရင် သိပ်ထက်တဲ့မှတ်ဥာဏ်ရှိသူပေါ့ ။

သူသွားမဲ့နေရာရောက်တဲ့အထိ ကျွန်တော့်ခေါင်းနဲ့မျက်လုံးကလည်း သူ့နောက်လိုက်ပြီး 360° ။ လမ်းထဲချိုးကွေးလိုက်ကာမှ ခန္ဓာနဲ့ခေါင်းအတည့်ပြန်ဖြစ်တော့တယ်။ ငဘုန်းကတော့ သူ့ဝမ်ဝမ်းလးကိုဖုန်းဆက်လှမ်းနှိုးနေတာ ရုပ်ကြီးကဖြီးနေတာပဲ ။
ခွက်ဝင်နေတဲ့ပားချိုင့်ကြီးကပြန်ကိုတက်မလာဘူး ။ အဲ့လိုအချိန်လေးရဖို့ ငါ့ကောင်ကြီးမှာမျက်ရည်စက်လက် နဲ့ ။တော်တော်အစွဲလမ်းကြီးတဲ့ကောင် ကွာ ။

ချောချောလှလှ အဖက်ဖက်ကပြောစရာမရှိတဲ့ကလေးမနဲ့ချိတ်ပေးမယ်ပြောတာတောင် မရဘူး။အဲ့ကလေးမလေးက ငါချစ်တဲ့ဝမ်ဝမ်းမှမဟုတ်တာ တဲ့ ။

ဟိုကြည့်ဒီကြည့် ...ပျင်းပျင်းနဲ့ထိုင်သောက်ထားတဲ့ ဓာတ်ဘူးထဲကရေနွေးလေးလည်းကုန် ။အငယ်လေးက ဆီချက်စားချင်တယ်တဲ့ဖုန်းဆက်မှာလို့ ဘေးဘီဝဲယာလှည့်ပတ်ကြည့်တော့ စားပွဲထိုးကလေးတွေကဘယ်ပျောက်သွားမှန်းမသိ ။
နေမြင့်ရင်မှာမရတတ်သောကြောင့် ကိုယ်တိုင်ကိုယ်ကျ ဓာတ်ဘူးလေးကိုင် ပါဆယ်သွားမှာတုန်း ကာနေးရှင်းနံ့သင်းသင်းလေးက နှာခေါင်းထဲတိုးလာရော။

~ADORE YOU~Where stories live. Discover now